ဆေးမတိုးတော့တဲ့ ငှက်ဖျားပိုးတွေဟာ လူဦးရေများတဲ့ အိန္ဒိယနိုင်ငံနယ်စပ်နားအထိ ပြန့်နှံ့လာပြီ ဖြစ်တဲ့အတွက် တကမ္ဘာလုံးကို ပြန့်နှံ့သွားမှာကို စိုးရိမ်နေကြပါတယ်။
ဆေးမတိုးတော့တဲ့ ငှက်ဖျားတွေဟာ မြန်မာနိုင်ငံလို အရှေ့တောင် အာရှ နိုင်ငံကနေတဆင့် အိန္ဒိယနယ်စပ်ဆီ ပြန့်နှံ့သွားတာလို့ ဆိုပါတယ်။
အိန္ဒိယ နိုင်ငံကနေတဆင့် အာဖရိကလို နိုင်ငံမှာ ပြန့်သွားတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆေးမတိုးတဲ့ ငှက်ဖျားတွေ အာဖရိကမှာ အလိုအလျောက် ဖြစ်လာတာပဲ ဖြစ်ဖြစ် သန်းနဲ့ချီတဲ့ အသက်တွေအတွက် စိုးရိမ်ရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ငှက်ဖျားရောဂါကြောင့် လူပေါင်း ၅ သိန်းကျော် နှစ်စဉ် သေဆုံးနေရပြီး ၉၀% ကတော့ အာဖရိကမှာ ဖြစ်ပွားနေတာပါ။
ဆေးမတိုးတော့တဲ့ ငှက်ဖျားပိုးတွေကို ထိုင်းနဲ့ မြန်မာ နယ်စပ်မှာပဲ တွေ့ရှိရုံသာမက အခုဆိုရင် အိန္ဒိယနိုင်ငံနဲ့ နီးတဲ့ ဟုမ္မလင်းမြို့အထိ စစ်ဆေးတွေ့ရှိတဲ့အတွက် အထူး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဒါကို အချိန်မှီ တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းမှု လိုတယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-20/1417229
ဆေးမတိုးတဲ့ ငှက်ဖျား မြန်မာကနေ အိန္ဒိယနယ်စပ်ထိ ပြန့်ပွားနေ
Reviewed by သစ်ထူးလွင်
on
18:11
Rating: