မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မုံးပေါ် ထပ်ဆင့်လွှင့် စက်ရုံ တာဝန်ခံအား မုံးပေါ်ရွာနေအိမ်မှ ခေါ်ဆောင်သွား
နေပြည်တော် ဖေဖော်ဝါရီ ၁၆
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မုံးပေါ် ရုပ်သံ ထပ်ဆင့်လွှင့် စက်ရုံမှ စက်ရုံတာဝန်ခံ ဦးအောင်ဇော်ထွန်းအား မျက်နှာဖုံးစွပ်ထားသော အမျိုးသား (၃)ဦးက ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင် မူဆယ်ခရိုင် မုံးကိုးမြို့နယ် မုံးပေါ်ရွာရှိ နေအိမ်မှ လာရောက် ခေါ်ဆောင်သွား ခဲ့သည်။
အဆိုပါဝန်ထမ်းမှာ အီလက်ထရွန်နစ် ကျွမ်းကျင်(၃)အဆင့်ဖြင့် ထပ်ဆင့်လွှင့် စက်ရုံတာဝန်ခံ ထမ်းဆောင်နေသူဖြစ်ပြီး မုံးပေါ်ရွာရှိ ၄င်း ဇနီး၏နေအိမ်သို့ ရောက်ရှိနေချိန် ည ၁ဝ နာရီခွဲခန့်တွင် အမည်မသိ၊ မျက်နှာဖုံး စွပ်ထားသော အမျိုးသား(၃) ဦးက ခေါ်ဆောင်သွားခြင်းဖြစ်သည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေဒေသရှိ အုပ်ချုပ်ရေး အဖွဲ့များထံ အကြောင်းကြားခဲ့ရာ စုံစမ်းရှာဖွေ လျက်ရှိကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ မူဆယ်ဇုန်နယ်ခွဲတွင် မုံးပေါ်၊ ဖောင်းဆိုင်၊ မုံးကိုး၊ နမ့်ခမ်း၊ နမ့်ဖတ် ကာ၊ ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးဝီး စုစုပေါင်း ထပ်ဆင့်လွှင့်စက်ရုံ (၇)ရုံရှိရာ စက်ရုံ (၃) ရုံမှဝန်ထမ်းများသည် မူဆယ်စက်ရုံသို့ လာရောက်ပူးပေါင်းခဲ့ပြီး ကျန်စက်ရုံ (၄)ရုံမှ ဝန်ထမ်းများအား လုံခြုံရေး အခြေအနေအရ လာရောက် ပူးပေါင်းနိုင်က လာရောက်ကြရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရုံးချုပ်)က အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မုံးပေါ် ထပ်ဆင့်လွှင့် စက်ရုံ တာဝန်ခံအား မုံးပေါ်ရွာနေအိမ်မှ ခေါ်ဆောင်သွား
Reviewed by သစ်ထူးလွင်
on
05:49
Rating: