အရက်မူးပြီး ကားမောင်းလာသည့် ပြည်အမှတ်-၁ ရဲစခန်းမှုး လူတိုက်ပြီး ထွက်ပြေး


ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့၌ ဇန်န၀ါရီလ ၁ ရက်၊ ညပိုင်းက လူတိုက်ရာမှ ထွက်ပြေးသည့် ရဲအုပ်အား လိုက်ဖမ်းရာ လူစုလူဝေးမှု တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ရဲအုပ်မှာ ပြည်မြို့ အမှတ် ၁ ရဲစခန်း၏ စခန်းမှူးဖြစ်ပြီး ၎င်းင်းမောင်းနှင် လာသည့်ံသည် Honda CRV ကားသည် ည ၁၁ နာရီ ခန့်တွင် ပြည်မြို့၊ ရွှေဆံတော်စေတီရှေ့ရှိ နာရီစင် ၏ စတီးလက်ရန်းအား ၀င်တိုက်ပြီး လမ်းဘေးရပ်ထားသော စက်ဘီး၊ ကွမ်းယာဆိုင်နှင့် ကွမ်းယာ ၀ယ်နေသူ လူ ၂ ဦးတို့အား ဆက်တိုက်တိုက်မိခဲ့ပြီး ဆက်လက်မောင်းထွက် သွားရာ စက်ဘီးမှာ ကားနှင့်ညပ်ကာ မီတာ ၄၀၀ ခန့်ထိ တရွတ်တိုက် ပါသွားခဲ့ ခြင်းဖြစ်သည်ဟု မျက်မြင်များထံက သိရသည်။

ယာဉ်တိုက်မှုကြောင့် နာရီစင်၏ လက်ရန်းများ၊ ပလက်ဖောင်းများ ပျက်စီးခြင်း၊ ကွမ်းယာဆိုင်တစ်ဆိုင်၊ စက်ဘီးတစ်စီးပျက်စီး ဆုံးရှုံးခဲ့ပြီး ကွမ်းယာ ၀ယ်နေသော အမျိုးသားနှင့် အ မျိုးသမီးတစ်ဦးတို့ ပွန်းပဲ့ ထိခိုက်ဒဏ် ရာများ အသီးသီးရရှိခဲ့ကြောင်း ပြည် မြို့နယ်ရဲတပ်ဖွဲ့ထံက သိရသည်။

ယာဉ်မောင်းဖြစ်သူနှင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သူများသည် ပြည်မြို့မ ရဲစခန်းတွင် အကျေအလည်ဖြေရှင်း မှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း တာဝန်ယူဆေး ကုသမှုများ ပြုလုပ်ပေးခဲ့ကာ ပျက်စီးဆုံးရှုံးခဲ့သည့် ပစ္စည်း တန်ဖိုးများ အား ထိုက်သင့်သည့် နစ်နာကြေးများ ပေးသဖြင့် အမှုဖွင့်ခြင်း မပြုလုပ်ဘဲ ကျေ အေးပေးခဲ့ကြောင်း ယာဉ်တိုက်ခံရသူများက ပြောကြားခဲ့သည်။

ထိခိုက်နာကျဉ်ခဲ့သူများက ကျေအေးသည်ဆိုသော်လည်း အဆိုပါ စခန်းမှုးသည် အရက်မူးပြီး ကားမောင်းခြင်းသည် ရာဇ၀တ်မှု တစ်ခုကို ကျူးလွန် ခဲ့ခြင်း ဖြစ်ခြင်းကြောင့် ယာဉ်မှုစစ်ဥပဒေအရ ဆက်လက် အရေးယူ သင့်ကြောင်း ပြည်မြို့ ခံ အထက်တန်းရှေ့နေတစ်ဦးက The Ladies သို့ ပြောကြားခဲ့သည်။

MMK

The Ladies News Journal
https://www.facebook.com/News.TheLadies
အရက်မူးပြီး ကားမောင်းလာသည့် ပြည်အမှတ်-၁ ရဲစခန်းမှုး လူတိုက်ပြီး ထွက်ပြေး အရက်မူးပြီး ကားမောင်းလာသည့် ပြည်အမှတ်-၁ ရဲစခန်းမှုး လူတိုက်ပြီး ထွက်ပြေး Reviewed by သစ်ထူးလွင် on 16:05 Rating: 5
Powered by Blogger.