အင်းစိန် မီး နေအိမ်(၇)လုံးနှင့် ယာဉ်(၁)စီးအား ကူးစက်လောင်ကျွမ်း




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

၁၃.၂.၂၀၁၅ ရက်နေ့ ၁၁၁၅ အချိန်တွင် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ နံ့သာမြိုင်(၁)လမ်းတွင် နေအိမ်များ မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါလမ်းနေ ဦးစန်းမြိုင် (၅၀)နှစ်၏နေအိမ်တွင် မီးသွေးမီးဖိုဖြင့် ထမင်းဟင်းချက်ပြုတ် ရာမှ နေအိမ်အားကူးစက်ကာ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ အနီးရှိနေအိမ်(၇)လုံးနှင့် TOYOTA VAN ယာဉ်(၁)စီးတို့အား ကူးစက်လောင်ကျွမ်းခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ မီးသတ်ယာဉ်များနှင့် တာဝန်ရှိသူများ ရောက်ရှိ မီးငြှိမ်းသတ်ခဲ့၍ ၁၁၄၂ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်မှုဖြစ်ပွားစဉ် ၎င်းအိမ်နေ ဒေါ်ရိုးရိုးဖော်၊ (၅၀)နှစ်မှာ မျက်နှာတွင် မီးဟပ် ခံရသဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မီးပေါ့ဆစွာသုံးစွဲသူ ဦးစန်းမြိုင်အား အင်းစိန်မြို့မရဲစခန်း (ပ)၁၇၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅/၃၃၇ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

အင်းစိန် မီး နေအိမ်(၇)လုံးနှင့် ယာဉ်(၁)စီးအား ကူးစက်လောင်ကျွမ်း အင်းစိန် မီး နေအိမ်(၇)လုံးနှင့် ယာဉ်(၁)စီးအား ကူးစက်လောင်ကျွမ်း Reviewed by သစ်ထူးလွင် on 18:54 Rating: 5
Powered by Blogger.