ဒိန်းမတ်​မြို့တော် က​ဖေး​ဆိုင်​ကို သေ​နတ်​နဲ့ ပစ်ခတ်

အခင်း ဖြစ်ခဲ့ရာ ဆိုင်ရဲ့ အပြင်ဘက်ကနေ လူ နှစ်ဦးဟာ မောင်းပြန် ပစ္စတို ဒါမှ မဟုတ် စက်သေနတ် တွေ နဲ့ ပစ်ခတ်။
ဒိန်းမတ် နိုင်ငံ မြို့တော် ကိုပင်ဟေဂင် ရဲ့ ကဖေးဆိုင် တစ်ဆိုင် မှာ ဘာသာရေး စော်ကားမှု နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတဲ့ အကြောင်းအရာ ကို ဆွေးနွေး နေကြချိန်မှာ သေနတ် သမား တွေ က ပစ်ခတ် ခဲ့ကြ လို့ လူတစ်ဦး သေဆုံးသွားပြီး ရဲ ၃ ဦး ဒဏ်ရာ ရသွားပါတယ်။

အစ္စလာမ် ဘာသာ ရဲ့ တမန်တော် မိုဟာမက်ဒ် ကို ကာတွန်းပုံ တွေ ရေးဆွဲ ခဲ့ရာမှာ ခွေး အသွင် ဆွဲခဲ့တဲ့ ဆွီဒင်နိုင်ငံ က ကာတွန်းဆရာ လာ့ရှ်ဗစ်စ် လည်း အဲဒီ့ ပွဲ မှာ ရှိနေပေ မယ့် ထိခိုက် ဒဏ်ရာ တော့ မရ ခဲ့ပါဘူး။

ရဲတွေက သေနတ်သမား ၂ ဦးကို ပြန်လှန် ပစ်ခတ် ခဲ့ကြ ပြီး အခု လိုက်လံ ဖမ်းဆီး နေကြပါ တယ်။

အခင်း ဖြစ်ခဲ့ရာ ဆိုင်ရဲ့ အပြင်ဘက်ကနေ လူ နှစ်ဦးဟာ မောင်းပြန် ပစ္စတို ဒါမှ မဟုတ် စက်သေနတ် တွေ နဲ့ ပစ်ခတ် ခဲ့ကြလို့ ရဲ ၃ ဦး ဒဏ်ရာ ရခဲ့ပေမယ့် အသက် အန္တရာယ် တော့ မစိုးရိမ် ရကြောင်း၊ ဒါပေမယ့် အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦး တော့ သေနတ်မှန် သေဆုံး သွားကြောင်း ကိုပင်ဟေဂင် မြို့တော် ရဲ့ စုံစမ်း စစ်ဆေးရေး ရဲဌာန က ဖြစ်ပျက် ခဲ့ပုံ ကို ထုတ်ပြန် ပါ တယ်။

ဒီ ပစ်ခတ်မှု ကို အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်နိုင်ကြောင်း သတ်မှတ်ပြီး စုံစမ်း နေတဲ့ အကြောင်းလည်း ရဲတပ်ဖွဲ့ က ဆိုပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150214_denmark_copenhagen_shooting
ဒိန်းမတ်​မြို့တော် က​ဖေး​ဆိုင်​ကို သေ​နတ်​နဲ့ ပစ်ခတ် ဒိန်းမတ်​မြို့တော် က​ဖေး​ဆိုင်​ကို သေ​နတ်​နဲ့ ပစ်ခတ် Reviewed by သစ်ထူးလွင် on 05:13 Rating: 5
Powered by Blogger.