လူနေအိမ်တွေပေါ် ဗုံးဆံတွေ ကျရောက်မှုအတွက် အစိုးရတပ်ကို သူပုန်က စွပ်စွဲ |
ဒွန်းညက်စ်မြို့ အရှေ့ဘက်က ဗျူဟာကျတဲ့ Debaltseve မြို့ အနီး ပြင်းထန်တဲ့ တိုက်ပွဲမှာ အစိုးရ တပ်သား ၅ ယောက်လည်း ကျဆုံးခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။
ဒဗော့ဆက်ဗ် မြို့ဟာ အရေးပါတဲ့ မီးရထား လမ်းဆုံရာ မြို့တစ်မြို့ ဖြစ်ပြီး လက်ရှိမှာတော့ အစိုးရ တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
လူဦးရေ ၂ သောင်းခွဲ ရှိတဲ့ မြို့တွင်းက လူတွေဟာ အစားအသောက်၊ ရေနဲ့ လျှပ်စစ်မီးတွေ ပြတ်လပ်နေပြီး အိမ်ရဲ့ မြေအောက်ခန်းတွေမှာ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။
သူပုန်တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အခု သီတင်းပတ်တွေ အတွင်းမှာ အရပ်သား သေဆုံးမှုတွေ မြင့်တက် လာနေပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/02/150203_ukraine_east_civilians_die
ယူကရိန်း အရှေ့ပိုင်းမှာ အရပ်သားတွေ ထပ်မံ သေဆုံး
Reviewed by သစ်ထူးလွင်
on
21:40
Rating: