မန္တလေး ၊ ၂၄-၂၀၂၀၁၅
ထိုင်း- မလေးရှား- စင်ကာပူ- မြန်မာ လေးနိုင်ငံ ခရီးစဉ် ရှေးဟောင်းယာဉ် တစ်စီးအပေါ် လိုက်ပါလာသည့် ဘယ်လ်ဂျီယံ နိုင်ငံသူ တစ်ဦးသည် ကျောက်မိုင်း ခွဲစဉ် ကျောက်စ ယာဉ်ပေါ် ကျရောက် ထိမှန်၍ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီက မန္တလေး- အင်းလေး ခရီးစဉ် အတိုင်း ထွက်ခွာလာသည့် ထိုင်း- မလေးရှား- စင်ကာပူ- မြန်မာ လေးနိုင်ငံ ခရီးစဉ်မှ ယာဉ်အမှတ် 1-OAS/ 576 အမိုးပွင့် ရှေးဟောင်းယာဉ်သည် သာစည် မြို့နယ် ပြည်ညောင် ကျေးရွာအနီး ပြည်ညောင်- တောင်ကြီး ကားလမ်း မိုင်တိုင်အမှတ် ၄၄/၄၅ ကြား အရောက်တွင် နှင်းဦး ၂၈နှစ်၊ ကျောက်ထုတ် လုပ်ငန်း၊ ပြည်ညောင် ကျေးရွာ နေသူက ကျောက်မိုင်းခွဲစဉ် ကျောက်စသည် ယာဉ်ပေါ်သို့ ကျရောက် ထိမှန်၍ ယာဉ်ပေါ်ပါ ဘယ်လ်ဂျီယံ နိုင်ငံသူ Ms. Lngeborg Annaalexalgira Willemen ၏ ယာပါး၊ နှုတ်ခမ်း စုတ်ပြဲ၊ နှာခေါင်းရိုးကျိုး ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်တန်းတွင် ပါဝင်သော ဆေးအဖွဲ့က ဆေးဝါးကုသ ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒုတိယ ရဲအုပ် ချစ်ကိုကို က တရားလို ပြုလုပ်၍ နှင်းဦး ကို ယင်းမာပင် နယ်မြေ ရဲစခန်း က (ပ)၁၆/၂ဝ၁၅၊ ပေါက်ကွဲ ပုဒ်မ- ၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/02/blog-post_87.html
ကျောက်မိုင်းခွဲစဉ် ကျောက်စ ယာဉ်ပေါ်ကျရောက် ထိမှန်၍ ဘယ်လ်ဂျီယံနိုင်ငံသူ ထိခိုက်ဒဏ်ရာရရှိ
Reviewed by သစ်ထူးလွင်
on
15:05
Rating: