![]() |
ရွှေတောင်မြို့ အာဇာနည်ကျောက်တိုင်ရှေ့ (ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ) |
ရွှေတောင်မြို့ကနေ ၂ မိုင်ကျော် ဝေးကွာတဲ့ သခင်ကိုယ်တော်မှိုင်း မွေးဇာတိ ဝါးလည်ရွာ သခင်ကိုယ်တော်မှိုင်း ဗိမာန် တည်ဆောက်မယ့်နေရာမှာ သခင်ကိုယ်တော်မှိုင်းရဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကျေးဇူးတရားတွေကို အောက်မေ့ သတိရတဲ့ အနေနဲ့ ဝင်ရောက် ဂါရဝ ပြုခဲ့ကြပါတယ်။ ဒါ့အပြင် နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တိုက်ဖျက်ရေး ဒီမိုကရေစီရေး တိုက်ပွဲတွေအတွင်း ကျဆုံးသွားခဲ့တဲ့ အာဇာနည်တွေကိုလည်း အလေးပြု ဂုဏ်ပြုခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ တပ်မ ၆၆ တည်ရှိရာ အင်းမကို မော်တော်ယာဉ်များ စီးနင်းပြီး ဖြတ်ကျော်ခဲ့ကြပါတယ်။ သပိတ်စစ်ကြောင်းဟာ ပေါင်းတည်မြို့ ဘိုးဘွားရိပ်သာမှာ ညအိပ် ရပ်နားသွားမယ်လို့ သိရပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/81187
သပိတ်မှောက်စစ်ကြောင်း ပေါင်းတည်ကို ဆက်လက်ချီတက်
Reviewed by သစ်ထူးလွင်
on
18:29
Rating:
