ယင်လတ်ကို ရာဇဝတ်မှုနဲ့ စွဲချက်တင်

ဒီစွဲဆိုချက်ဟာ မစ္စ ယင်လတ်ရဲ့ နိုင်ငံရေး လမ်းကြောင်းကို ချိုးဖျက်ဖို့ လုပ်ဆောင်ချက် တစ်ခုအဖြစ် ရှုမြင်ကြ
ထိုင်းနိုင်ငံမှာ အငြင်းပွား နေတဲ့ စပါး စီမံကိန်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို အစိုးရ ရှေ့နေချုပ်က ရာဇဝတ်မှုနဲ့ တရားစွဲ လိုက်ပါတယ်။

စပါးစိုက် လယ်သမားတွေကို ဒေါ်လာ ဘီလျံနဲ့ချီ ကုန်ကျတဲ့ ထောက်ပံ့ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ရာဇဝတ်မှု မြောက်တဲ့ တာဝန် ပေါ့ဆမှုနဲ့ မစ္စ ယင်လတ်ကို အစိုးရ ရှေ့နေချုပ်က စွဲချက် တင်လိုက်တာပါ။

ဒီပြစ်မှု ထင်ရှား ခဲ့မယ်ဆိုရင် မစ္စ ယင်လတ် အနေနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ လကလည်း ဒီ စပါးစီမံကိန်းနဲ့ ပတ်သက်ပြီး မစ္စ ယင်လတ်ကို နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင် ခဲ့ပါတယ်။

အခု စွဲဆိုချက်ဟာ မစ္စ ယင်လတ်ရဲ့ အနာဂတ် နိုင်ငံရေး လမ်းကြောင်းကို ချိုးဖျက်ဖို့ ရည်ရွယ် ဆောင်ရွက်တာ ဖြစ်တယ်လို့ သူ့ကို ထောက်ခံသူတွေက ရှုမြင်ကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150219_thai_yingluck_indicted
ယင်လတ်ကို ရာဇဝတ်မှုနဲ့ စွဲချက်တင် ယင်လတ်ကို ရာဇဝတ်မှုနဲ့ စွဲချက်တင် Reviewed by သစ်ထူးလွင် on 21:14 Rating: 5
Powered by Blogger.