ထိုင်ဝမ် လေယာဉ်ပျက်ကျမှု၊ ပျောက်ဆုံးသူတွေကို ရှာဖွေဆဲ

လူ ၁၅ ဦးကို ကယ်ထုတ် နိုင်ခဲ့ဟု ဆို
ထိုင်ဝမ်မှာ မြစ်ထဲကို ပျက်ကျ ခဲ့တဲ့ ခရီးသည်တင် လေယာဉ် ပေါ်မှာ ပါလာသူတွေ ထဲက ပျောက်ဆုံးနေသူ ၁၂ ယောက်ကို ကယ်ဆယ်ရေး အဖွဲ့တွေက ဆက်လက် ရှာဖွေ နေပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်က ထရန်စ် အေးရှား လေကြောင်းပိုင် ATR-72 လေယာဉ် Keelung မြစ်ထဲကို ပျက်ကျ သွားခဲ့တဲ့ အတွက် အတည်ပြုနိုင်တဲ့ သေဆုံးသူ ပေါင်း ၃၁ ယောက် ရှိသွားပါပြီ။

အသက်မသေဘဲ ကျန်ရှိသူ ၁၅ ယောက်ကိုတော့ လေယာဉ်ပျက် ထဲကနေ ဆွဲထုတ် ကယ်တင် နိုင်ခဲ့ပြီး အဲဒီ လူတွေထဲမှာ အသက် ၂ နှစ် အရွယ် ယောကျာ်းလေး တစ်ယောက်လည်း ပါဝင်ပါတယ်။

လေယာဉ်မှူးနဲ့ တွဲဘက် လေယာဉ်မှူး တို့လည်း သေဆုံးတဲ့ အထဲမှာ ပါတယ်လို့ ထိုင်ဝမ် လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ပေါ်ပါ ခရီးသည် အများစုဟာ တရုတ် နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150205_taiwan_plane_missing_people
ထိုင်ဝမ် လေယာဉ်ပျက်ကျမှု၊ ပျောက်ဆုံးသူတွေကို ရှာဖွေဆဲ ထိုင်ဝမ် လေယာဉ်ပျက်ကျမှု၊ ပျောက်ဆုံးသူတွေကို ရှာဖွေဆဲ Reviewed by သစ်ထူးလွင် on 20:58 Rating: 5
Powered by Blogger.