နယူးဒေလီ ၊ ၁၇-၂-၂၀၁၅
အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ်တွင် ဝက်တုပ်ကွေး ရောဂါ H1N1 ပိုး ကူးစက်ခံ ရမှုကြောင့် ၁၂ ဦး ထပ်မံ သေဆုံးခဲ့ရာ ယခုအခါတွင် ၄င်းရောဂါပိုး ကူးစက်ခံ ရမှုကြောင့် နိုင်ငံအတွင်း ယခုနှစ် အစပိုင်းမှစ၍ သေဆုံးသူ ဦးရေမှာ ၄၈၅ ဦးအထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။
ဝက်တုပ်ကွေး ရောဂါကြောင့် ဂူဂျာရတ် ပြည်နယ် တစ်ခုတည်း မှာပင် ရောဂါကူးစက် မှု ၁၅၂၂ မှု ရှိသည့်အနက် သေဆုံးသူ ဦးရေမှာ ဇန်နဝါရီလမှ စတင်၍ ယခု အချိန်အထိ ၁၃၆ ဦး ရှိခဲ့ပြီ ဖြစ်သည်။ တစ်နိုင်ငံလုံး
အတိုင်းအတာ အနေဖြင့် H1N1 ရောဂါပိုး ကူးစက်ခံ ရသူမှာ ၆၂၉၈ ဦး ရှိကြောင်း အာဏာပိုင် များ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။
အိန္ဒိယနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက် ရှိသော H1N1 ရောဂါနှင့် စပ်လျဉ်း၍ အခြေအနေကို သုံးသပ်ရန် ပြည်နယ် အစိုးရက အရေးပေါ် ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း အစိုးရက ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သော
အစီရင်ခံစာ တစ်စောင်အရ သိရသည်။
ဝက်တုပ်ကွေး ရောဂါပိုးကြောင့် နိုင်ငံ တစ်ဝန်းတွင် သေဆုံးသူ အရေအတွက် ပိုမို မြင့်တက် လာသဖြင့် ကျန်းမာရေး ဝန်ကြီးဌာန က ဖေဖော်ဝါရီ ၁၅ ရက်တွင် H1N1 ရောဂါ နှင့် ပတ်သက်သည့် ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
၎င်း ရောဂါပိုး ကူးစက်ခံရမှုသည် ဆောင်းရာသီတွင် အဖြစ်များပြီး မကြာမီ ရက်သတ္တပတ် အတွင်း ကူးစက်ခံရသူ အရေအတွက် ကျဆင်း လာနိုင်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ခန့်မှန်း ပြောကြား ထားကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/02/blog-post_58.html
အိန္ဒိယတွင် ၀က်တုပ်ကွေးရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၄၈၅ ဦးအထိ မြင့်တက်
Reviewed by သစ်ထူးလွင်
on
15:33
Rating: