(၅၁)ယာဉ်လိုင်း မြေနီကုန်း ပလတ်ဖေါင်းပေါ်က သစ်ပင်အား တိုက်မိသဖြင့် (၆)ဦး ဒဏ်ရာရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁

၃၁.၁.၂၀၁၅ ရက်နေ့ ၀၆၃၀ အချိန်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်းအတိုင်း အလုံလမ်း မီးပွိုင့်ဘက်မှ မြေနီကုန်း ဘက်သို့ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း သက်ဇော်မြင့်၊ (၃၂)နှစ်မောင်းနှင်လာသော 7B---- ဖူဆိုဘတ်စ် (၅၁)ယာဉ်လိုင်း ခရီးသည်တင် ယာဉ်သည် မြေနီကုန်း မှတ်တိုင် အလွန်အရောက် အရှိန်လွန်၍ လမ်းယာဘက် ပလက်ဖောင်းပေါ်သို့ ရောက်ရှိသွားပြီး သစ်ပင်အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပျက်စီးပြီး ယာဉ်မောင်း သက်ဇော်မြင့် အပါအ၀င် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား(၆)ဦးတို့တွင် ဖူးရောင်ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်း/ပြင်ပလူနာ (မစိုးရိမ်ရ) များ အဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း သက်ဇော်မြင့်အား ဒဂုံမြို့မ ရဲစခန်းယာဉ် (ပ)၃/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
(၅၁)ယာဉ်လိုင်း မြေနီကုန်း ပလတ်ဖေါင်းပေါ်က သစ်ပင်အား တိုက်မိသဖြင့် (၆)ဦး ဒဏ်ရာရ (၅၁)ယာဉ်လိုင်း မြေနီကုန်း ပလတ်ဖေါင်းပေါ်က သစ်ပင်အား တိုက်မိသဖြင့် (၆)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 14:10 Rating: 5
Powered by Blogger.