ဘင်္ဂ္လားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် တရားစွဲခံရ

ဘတ်စ်ကား တိုက်ခိုက် ခံရမှုကြောင့် ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့
ဘင်္ဂ္လားဒေရှ့် နိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘတ်စ်ကား တစ်စင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သွေးထိုး လှုံဆော်မှုနဲ့ အတိုက်အခံ ခေါင်းဆောင် Khaleda Zia ကို အာဏာပိုင် တွေက တရားစွဲဆို လိုက်ပါတယ်။

အင်္ဂ࿿ါနေ့က Chauddagram မြို့အနီးမှာ အဲဒီ ဘတ်စ်ကား မီးလောင်ဗုံးနဲ့ အပစ်ခံရချိန်မှာ ခရီးသည် အများစုက အိပ်ပျော် နေခဲ့ကြတယ်လို့ ရဲက ပြောပါတယ်။

လူ ၇ ဦး မီးလောင် သေဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရခဲ့တဲ့ အဲဒီ တိုက်ခိုက်မှု အတွက် BNP ပါတီခေါင်းဆောင် မစ္စ Zia အပါအဝင် လူပေါင်း ၅၆ ဦး ကို တရား စွဲဆိုထားပါတယ်။

ဒါပေမယ့် မစ္စ ဇီအာ ရဲ့ ဘင်္ဂ္လားဒေရှ့် အမျိုးသားရေး ပါတီ BNP က အဆိုပါ ဘတ်စ်ကား အတိုက် ခံခဲ့ရမှု ကို ပြစ်တင် ရှုတ်ချခဲ့ပြီး သူတို့ နဲ့ မသက်ဆိုင်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ မစ္စ ဇီအာက ကြေညာထားတဲ့ အထွေထွေ ပိတ်ဆို့ ဆန္ဒပြရေး ကာလ အတောအတွင်းမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150204_bangladesh_zia_charged
ဘင်္ဂ္လားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် တရားစွဲခံရ ဘင်္ဂ္လားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် တရားစွဲခံရ Reviewed by သစ်ထူးလွင် on 03:56 Rating: 5
Powered by Blogger.