မိခင်မရှိခိုက် (၄)နှစ်သားကလေးငယ်မှ ဂက်စ်မီးခြစ်ဖြင့် ဆော့ကစားရာက မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁၇)လုံး မီးလောင်ဆုံးရှုံး


နေပြည်တော်၊ ဖေဖော်ဝါရီ ၅

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကျောင်းဦးကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၁၇ဝ/၅-၆)ကြား၊ သာယာကုန်းတဲတိုက်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်(၃)စီး၊ ကျေးရွာသူ/သားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီ ၂ဝ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါ တဲတိုက်နေ မအေးအေးခိုင်(၂၃)နှစ်သည် သားဖြစ်သူ ဇော်ထက်အောင်(၄)နှစ်အား နေအိမ်တွင်တစ်ဦးတည်း ထားပြီး ရွာထဲသို့သွားနေစဉ် ဇော်ထက်အောင်သည် နေအိမ်၌ ဂက်စ်မီးခြစ်ဖြင့် ဆော့ကစားရာမှ နေအိမ်မီးဖိုချောင်ရှိ ထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် (၃)ပင် သက္ကယ်မိုး/ထရံကာတဲအိမ်(၁၆)လုံး၊ (၄)ပင် သွပ်မိုး/ထရံကာနေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ် (၁၇)လုံးတို့ မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ဇော်ထက်အောင်၏ မိခင် မအေးအေးခိုင်အား ဥသျှစ်ပင် နယ်မြေရဲစခန်း(ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

မိခင်မရှိခိုက် (၄)နှစ်သားကလေးငယ်မှ ဂက်စ်မီးခြစ်ဖြင့် ဆော့ကစားရာက မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁၇)လုံး မီးလောင်ဆုံးရှုံး မိခင်မရှိခိုက် (၄)နှစ်သားကလေးငယ်မှ ဂက်စ်မီးခြစ်ဖြင့် ဆော့ကစားရာက မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁၇)လုံး မီးလောင်ဆုံးရှုံး Reviewed by သစ်ထူးလွင် on 20:48 Rating: 5
Powered by Blogger.