စစ်ရှောင်ဒုက္ခသည် ၅၀၀ ကျော် မန္တလေး ချမ်းမြရွှေပြည် ကားကွင်းသို့ ရောက်ရှိ လာသဖြင့် နေရပ်သို့ ပို့ဆောင်


ကျိုင်းတုံ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသ၌ အလုပ်လုပ် ကိုင်ရာမှ တိုက်ပွဲများဖြစ်ပွား၍ တိမ်း ရှောင်လာသူ ၅ဝဝ ကျော်သည် ဖေဖော်ဝါရီ ၁၃ ရက်ည ၈ နာရီခွဲခန့်မှ စ၍ မန္တလေးမြို့ ချမ်းမြရွှေပြည် (အဝေးပြေး) ယာဉ်ရပ်နားစခန်းသို့ ၁၂ ဘီးကားများဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ၄င်း တို့ နေရပ်အသီးသီးသို့ ခရီးသည် တင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ပို့/ ဆက်ဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကားကွင်းအုပ်ချုပ် ရေးမှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် စည်ပင်ရဲတပ်ဖွဲ့ဝင်တို့က ကူညီ ဆောင်ရွက်ပေးကြသည်။

''လောက်ကိုင်မှာ လုပ်ငန်းသွား လုပ်သူတွေပါ။ ညပိုင်း ၁၂ နာရီ လောက်အထိ ၁၂ ဘီးကားတွေ၊ ဒိုင်နာကားတွေနဲ့ ရောက်လာကြ တယ်။ တချို့ထမင်းမစားရသေးလို့ ဝယ်ကျွေးခဲ့တယ်။ ပြီးတော့မှ ဒေသ အလိုက် ကားစီစဉ်ပြီးပို့ပေးတယ်'' ဟု တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက ပြောသည်။

အဆိုပါ လောက်ကိုင်ဒေသ၌ တိုက်ပွဲများဖြစ်ပွားနေသဖြင့် လုပ်ငန်း လုပ်သူတို့က ဆက်လက်လုပ်ကိုင်နိုင် ခြင်းမရှိ၍ မိမိတို့ဒေသများသို့ ပြန်လာခြင်းဖြစ်ကြောင်း၊ ငွေကြေး မပြည့်စုံသူများမှာ လောက်ကိုင်မှ လားရှိုးသို့ ခြေကျင်ပြန်လာရသူများ လည်းရှိကြောင်း၊ တချို့မှာ အုပ်စုလိုက် ကားငှား၍ ပြန်လာကြရာတွင် လားရှိုး မြို့ မန်ဆူဘုန်းတော်ကြီးကျောင်း က လက်ခံပြီး မန္တလေးသို့ ပို့ဆောင် ပေးခဲ့ကြောင်း နေရပ်ပြန်လာသူများ က ပြောသည်။

''မန်ဆူကျောင်းမှာ စစ်ရှောင် လာသူတွေကို ကူညီပေးနေတာ။ ကျွန်တော်တို့ကားတွေ မန္တလေးဆင်း မယ်ဆိုတော့ တတ်နိုင်တဲ့ ကားဆီဖိုး ပေးတယ်။ ကုသိုလ်ရတဲ့အလုပ်ဖြစ်လို့ မန္တလေးကားကွင်းအထိ ရောက် အောင်ပို့ပေးတာပါ''ဟု စစ်ရှောင်သူ များကို တင်ဆောင်လာသည့် ကား ဆရာက ပြောသည်။

ကားကွင်းသို့ ၁၂ ဘီးကားငါးစီး ဖြင့် ည ၁၂ နာရီထိ တစ်စီးပြီးတစ်စီး ရောက်ရှိလာခြင်းဖြစ်၍ တာဝန်ရှိသူ တို့က ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး နှင့် စားသောက်ဖွယ်ရာတို့ကို ထောက် ပံ့ခဲ့သည့်အပြင် ချမ်းမြသုခလူမှုကူညီ ရေးအသင်းကလည်း စားသောက်ဖွယ် ရာများ လှူဒါန်းခဲ့သည်။

''လောက်ကိုင်မှာ ကျွန်တော်တို့ မိသားစုက တစ်နှစ်ကို နှစ်လလောက် ကြံခုတ်တယ်။ ကြံတစ်စည်းကို တရုတ် ငွေ ယွမ်တစ်ကျပ် (မြန်မာငွေ ၁၆ ကျပ်)ဆိုတော့ တစ်နေ့ကို ကြံအစည်း ၆ဝ လောက်ပြီးတယ်။ စစ်ဖြစ်တော့ မနေရဲတော့ဘူး''ဟု အောင်လံမှ ကိုမင်းဆွေက ပြောကြားသည်။

လောက်ကိုင်ဒေသတွင် ကြံခုတ် ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများမှာ အောင်လံ၊ ရမည်း သင်း၊ ပခုက္ကူ၊ မကွေး၊ တောင်တွင်း ကြီး၊ ပျော်ဘွယ်၊ မိတ္ထီလာ စသည့် ဒေသများမှဖြစ်၍ တိုက်ပွဲများဖြစ်ပွား နေခြင်းကြောင့် နေရပ်သို့ ပြန်လာကြ ခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်သန့်ခိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စစ်ရှောင်ဒုက္ခသည် ၅၀၀ ကျော် မန္တလေး ချမ်းမြရွှေပြည် ကားကွင်းသို့ ရောက်ရှိ လာသဖြင့် နေရပ်သို့ ပို့ဆောင် စစ်ရှောင်ဒုက္ခသည် ၅၀၀ ကျော် မန္တလေး ချမ်းမြရွှေပြည် ကားကွင်းသို့ ရောက်ရှိ လာသဖြင့် နေရပ်သို့ ပို့ဆောင် Reviewed by သစ်ထူးလွင် on 04:58 Rating: 5
Powered by Blogger.