ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ် / Photo: Hset Paing Toe/RFA |
မနက်ဖြန်ကစပြီး အခြေခံပညာကျောင်းတွေမှာ စာမေးပွဲဖြေဆိုကြမှာဖြစ်တာကြောင့် စာမေးပွဲပြီးမယ့် ဒီလ ၂၆ ရက်နေ့အထိ လက်ပံတန်းမြို့မှာ သပိတ်ကို ရပ်နားထားမှာဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပါတယ်။
"ကျနော်တို့ဆုံးဖြတ်ချက်က မူလတန်း၊ အလယ်တန်းတွေစာမေးပွဲဖြေနေတဲ့ ကာလ အတွင်းမှာ ဒီကလေးတွေအနှောက်အယှက်အဟန့်အတား မဖြစ်အောင်၊ မိဘတွေ စိတ်ပူနေတာတွေလဲ မဖြစ်အောင်ကျနော်တို့ရောက်နေတဲ့လက်ပံတန်းမြို့မှာပဲသပိတ် ထိုင်မယ်၊ စာမေးပွဲတွေပြီးသွားတဲ့အချိန်မှာ ကျနော်တို့ရန်ကုန်ကိုဆက် ချီတက်မယ်ပေါ့၊ ဒီကာလအတွင်းမှာပဲ လွှတ်တော်ကိုကျနော်တို့ ကြေညာချက်ထုတ်ပြီးတော့ ကျနော်တို့ အမျိုးသား ပညာရေးပြန်လည်ပြင်ဆင်ရေးဥပဒေမူကြမ်းကိစ္စကို အမြန်ဆုံးလွှတ်တော်မှာ အတည်ပြုပြဌာန်းပေးဖို့ ကျနော်တို့တောင်းဆိုတဲ့စီမံချက်ပို့မယ်"
ဧရာဝတီ၊ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူ နဲ့ မုံရွာ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေကလည်း သပိတ်တွေကို ဒီလ ၁၆ ရက်နေ့က ယာယီရပ်နား ထားပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံ မနေ့ကပေးအပ် လိုက်ပြီး ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese/news/main-students-march-10-days-halt-02182015100318.html
ကျောင်းသား ပင်မသပိတ် စစ်ကြောင်း ၁၀ ရက်ကြာ ရပ်နား
Reviewed by သစ်ထူးလွင်
on
22:05
Rating: