ဂျီဟတ် ဝါဒီ နှစ်ဦးကို ဂျော်ဒန် ကွပ်မျက်

ကွပ်မျက်ခံရသူ တစ်ဦး ဖြစ်တဲ့ ဂျီဟတ် ဝါဒီ အမျိုးသမီး Sajida al-Rishawi
ဂျော်ဒန် တိုက်လေယာဉ်မှုးကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သတ်ဖြတ် ခဲ့ပြီးနောက် ဂျော်ဒန်ကလည်း သူတို့ ဖမ်းဆီးထားတဲ့ ဂျီဟတ် ဝါဒီ ၂ ဦး ကို ကွပ်မျက် လိုက်ပါတယ်။

အဲဒီ ဂျီဟတ် ဝါဒီ ၂ ဦးထဲမှာ တစ်ဦးက အကျဉ်းသား ဖလှယ်ရေး အစီအစဉ် အဖြစ် IS တွေက လွှတ်ပေးဖို့ တောင်းဆို ခဲ့တဲ့ အယ်လ်ကိုင်ဒါ အဖွဲ့ဝင် သေဒဏ်ကျ အကျဉ်းသူ အမျိုးသမီး Sajida al-Rishawi လည်း အပါအဝင် ဖြစ်ပါတယ်။

ဂျော်ဒန်က ကွပ်မျက်လိုက်တဲ့ နောက်တစ်ဦးကတော့ Ziyad Karboli ဖြစ်ပြီး၊ သူလည်း ဂျော်ဒန် နိုင်ငံသား တစ်ဦးကို သတ်ဖြတ် ခဲ့မှုကြောင့် သေဒဏ် ပေးခံထားရသူ ဖြစ်ပါတယ်။

ဂျော်ဒန် လေသူရဲ Moaz al-Kasasbeh အရှင်လတ်လတ် မီးရှို့ သတ်ခံရတဲ့ ဗီဒီယိုကို IS တွေက ထုတ်ပြန် ခဲ့ပြီးနောက် ဂျော်ဒန် ဘက်က အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ဂျော်ဒန် လေသူရဲ အသတ်ခံခဲ့ရတဲ့ အတွက် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ဂျော်ဒန် ပြည်သူ တွေက တောင်းဆို နေကြောင်း ဂျော်ဒန်ရဲ့ နိုင်ငံရေး နဲ့ ပါလီမန်ရေးရာ ဝန်ကြီး ခါလိဒ် ခါလာဒါ က ဘီဘီစီကို ပြောပါတယ်။

ဒီအဖြစ်ကြောင့် အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ ဂျော်ဒန် ဘုရင် King Abdullah လည်း သူ့ရဲ့ ခရီးစဉ်ကို အကျဉ်းရုံးပြီး သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီးနောက် ဂျော်ဒန်ကို ပြန်လှည့် လာခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/02/150204_jordan_execute_two_jihadists
ဂျီဟတ် ဝါဒီ နှစ်ဦးကို ဂျော်ဒန် ကွပ်မျက် ဂျီဟတ် ဝါဒီ နှစ်ဦးကို ဂျော်ဒန် ကွပ်မျက် Reviewed by သစ်ထူးလွင် on 20:59 Rating: 5
Powered by Blogger.