တန့်ဆည်မြို့နယ်မှာ အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် (၄)ဦးသေ၊ (၄)ဦးဒဏ်ရာရ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဝဝ၃ဝ အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည်-ကံထူးမ-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်(၂၂/၃)၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ တောဂျင်ကျေးရွာဘက်မှ တန့်ဆည်မြို့နယ်ဘက်သို့ တန့်ဆည်မြို့၊ မေတ္တာမြိုင် ရပ်ကွက်နေ ဇင်လှိုင်း(၂၂)နှစ်မောင်းနှင်လာသော (၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်နေသူများဖြစ်သော ဦးသန်းပို(၅ဝ)နှစ်၊ ဇော်မျိုး(၃၃)နှစ်၊ သန့်ဇင်မျိုး(၃၃)နှစ်နှင့် စိုးသူအောင်(၂၂)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိကာ သေဆုံးသွားခဲ့ပြီး စိုးအောင်(၄၃)နှစ်ပါ(၄)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဇင်လှိုင်းအား ကံထူးမ နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

တန့်ဆည်မြို့နယ်မှာ အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် (၄)ဦးသေ၊ (၄)ဦးဒဏ်ရာရ တန့်ဆည်မြို့နယ်မှာ အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် (၄)ဦးသေ၊ (၄)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 21:26 Rating: 5
Powered by Blogger.