သမီးသုံးဦးကို နေအိမ်အတွင်း၌ ဆယ်စုနှစ် တစ်ခုကြာသည်အထိ ပိတ်လှောင်ထားသည့် မိခင်ဖြစ်သူကို ဆွီဒင်ရဲတပ်ဖွဲ့ ဖမ်းဆီး
လန်ဒန် ၊ ၂၃-၂-၂၀၁၅
ဆွီဒင်နိုင်ငံ တောင်ပိုင်းတွင် သမီးငယ်များကို ဆယ်စုနှစ် တစ်ခုကျော် အကြာ နေအိမ်အတွင်း ပိတ်လှောင် ထားသည့် အမျိုးသမီး တစ်ဦးကို ယင်းနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ကြောင်း မီဒီယာ တစ်ခုက ဖေဖော်ဝါရီ ၂ဝ ရက်တွင် ဖော်ပြခဲ့သည်။
ဖမ်းဆီးခံ ရသူမှာ ဘရိုမိုလာမြို့ မှ အသက် ၅၉ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး သူမသည် သမီးသုံးဦး ၏ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ကို ပိတ်ပင် တားဆီး ခဲ့ပြီး ၄င်းတို့ကို မိခင်ဖြစ်သူက နေအိမ်အတွင်း ပိတ်လှောင် ထားစဉ် ၄င်းသမီးများ အနက် တစ်ဦးက နေအိမ်အတွင်းမှ လွတ်မြောက် ခဲ့ပြီးနောက် အိမ်နီးချင်း တစ်ဦးကို အကြောင်းကြား ခဲ့ရာမှ ရဲတပ်ဖွဲ့ ထံသို့ တိုင်ကြား ခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ထုတ် Guardian သတင်းစာတွင် ဖော်ပြ ထားသည်။
ပိတ်လှောင် ထားခြင်းမှ လွတ်မြောက်လာသူ အမျိုးသမီး သည်လမ်းလျှောက် နိုင်ရန် အတွက်ပင် ရုန်းကန် နေခဲ့ရပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၄င်းတို့ အားလုံးကို ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး များသည် ဆယ်စုနှစ် တစ်ခုကြာ ပိတ်လှောင် ထားခြင်းခံခဲ့ ရသောကြောင့် ယခုအခါ အသက် ၂၃ နှစ်၊ ၂၄ နှစ်နှင့် ၃၂ နှစ် အသီးသီး ရှိပြီဟု ယူဆရကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် ယခုအခါ မိခင် ဖြစ်သူနှင့် အဆိုပါ အမျိုးသမီးများ ကို စစ်ဆေးလျက် ရှိပြီး မိခင် ဖြစ်သူကို ဖမ်းဆီး ထိန်းသိမ်းရန် သင့်၊ မသင့်ကို နောက်ပိုင်းတွင် ဆုံးဖြတ်ချက် ချမှတ် သွားမည် ဖြစ်ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/02/blog-post_24.html
သမီးသုံးဦးကို နေအိမ်အတွင်း၌ ဆယ်စုနှစ် တစ်ခုကြာသည်အထိ ပိတ်လှောင်ထားသည့် မိခင်ဖြစ်သူကို ဆွီဒင်ရဲတပ်ဖွဲ့ ဖမ်းဆီး
Reviewed by သစ်ထူးလွင်
on
15:00
Rating: