ယူကရိန်း သူပုန် တပ်သား တစ်သိန်း အင်အားစုမယ်

ယူကရိန်း အရှေ့ပိုင်းမှာ သူပုန်တွေ အသာစီး ရနေ
ယူကရိန်း အစိုးရ တပ်တွေနဲ့ ခွဲထွက်ရေး သူပုန်တွေကြား တိုက်ပွဲတွေ ပြင်းထန် လာချိန်မှာ ရုရှားက ထောက်ခံ ပေးထားတဲ့ သူပုန်တွေရဲ့ ခေါင်းဆောင်က တပ်သား တစ်သိန်း အင်အား စုစည်းမယ့် အစီအစဉ်ကို ကြေညာ လိုက်ပါတယ်။

တပ်သားသစ် စုစည်းမယ့် အစီအစဉ်ကို လာမယ့် ၁၀ ရက်အတွင်း စတင် ပြုလုပ် သွားမယ်လို့ သူပုန်ခေါင်းဆောင် Alexander Zakharchenko က ကြေညာ ခဲ့တာပါ။

ခွဲထွက်ရေး သူပုန်တွေဟာ ယူကရိန်း အစိုးရ တပ်တွေကို ဒွန်းညက်စ်နဲ့ လူဟန့်စ်မြို့ တဝိုက်ကနေ တိုက်ထုတ်ဖို့ ဆန္ဒရှိနေ ကြတာ ဖြစ်ပြီး အရေးပါတဲ့ Debaltseve မြို့ကိုလည်း သိမ်းပိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ယူကရိန်း အစိုးရ တပ်တွေက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒွန်းညက်စ် မြို့ရဲ့ အချက် အချာနေရာတွေဆီကို အမြောက်တွေနဲ့ ပစ်ခတ် နေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/02/150202_ukraine_rebel_to_raise_men
ယူကရိန်း သူပုန် တပ်သား တစ်သိန်း အင်အားစုမယ် ယူကရိန်း သူပုန် တပ်သား တစ်သိန်း အင်အားစုမယ် Reviewed by သစ်ထူးလွင် on 21:58 Rating: 5
Powered by Blogger.