အိန္ဒိယတောင်ပိုင်းတွင် ရထားလမ်းချော်တိမ်းမှောက် အနည်းဆုံး ၁၁ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ


ဘန်ဂလိုး ဖေဖော်ဝါရီ ၁၃

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၌ ရထားတစ်စင်း၏တွဲသုံးတွဲ လမ်းချော်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၁၁ ဦးထက်မနည်း သေဆုံးသွားကြောင်း မီးရထားတာဝန်ရှိသူများကပြောသည်။

အဆိုပါရထားမတော်တဆမှုသည် သောကြာနေ့ နံနက်ပိုင်းက ပြည်နယ်မြို့တော် ဘန်ဂလောမှ ၂၅ မိုင်အကွာ အနေးကယ်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရထားတွဲအပျက်အစီးများအတွင်း ပိတ်မိနေသူများရှိနေရာ သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

မကြာသေးသည့်နှစ်များအတွင်း အိန္ဒိယ၌ ရထားမတော်တဆမှုများစွာ ဖြစ်ပွားခဲ့ရာ ရာပေါင်းများစွာသော ပြည်သူ များသေဆုံးခဲ့သည်။ အိန္ဒိယ မီးရထားကွန်ရက်တွင် ခရီးစဉ် ၉ဝဝဝ ဖြင့် နေ့စဉ်လူပေါင်း ၁၈ သန်းအား ပို့ဆောင်ပေးလျက်ရှိသည်။

ဘန်ဂလော-အာနာကူလမ် အမြန်ရထားသည် နံနက် ၆ နာရီတွင် ဘန်ဂလောမှ ထွက်ခွာလာပြီး မိနစ် ၉ဝ အကြာ ယင်းကဲ့သို့ လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးရထားတာဝန်ရှိသူများကပြောသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အိန္ဒိယတောင်ပိုင်းတွင် ရထားလမ်းချော်တိမ်းမှောက် အနည်းဆုံး ၁၁ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ အိန္ဒိယတောင်ပိုင်းတွင် ရထားလမ်းချော်တိမ်းမှောက် အနည်းဆုံး ၁၁ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 05:37 Rating: 5
Powered by Blogger.