သပိတ်မှောက်ကျောင်းသားများ |
တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ရှေ့တွင် ဖေဖော်ဝါရီ ၁၈ ရက်က သျှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ မှ ဒီမိုကရေစီပညာရေးသပိတ် အားထောက်ခံဆန္ဒပြခဲ့ကြပါသည်။
" တစ်နိုင်ငံလုံးဆိုင်ရာ ပင်မသပိတ်စစ်ကျောင်းကို ထောက်ခံတဲ့အကြောင်းရယ်၊ လေးပွင့်ဆိုင် ဆွေးနွေးရေး ဥပဒေကိုမူကြမ်းကို အမြန်ဆုံးအကောင်အထည်ဆောင်ရွက်ရေးအတွက် ဒီသပိတ်ကိုစတင်တာပါ။ ကျောင်းသားတွေအားလုံးဟာတစ်သွေးထဲ တစ်သားတည်း ရှိတယ် ဘယ်ဒေသ ဘယ်ခရိုင်မှာမဆို လှုပ်ရှားမှု အသီးသီးရှိနေကြတယ် ဆိုတာ သိစေချင်ပါတယ် " ဟုတောင်ကြီးတက္ကသိုလ်မှ စတုတ္ထနှစ်ဓါတုဗေဒ ကျောင်းသား /သျှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ၀င်းနိုင်ဦးကပြောသည်။
သပိတ်မှောက်ကျောင်းသားများ တောင်ကြီးတက္ကသိုလ်ကျောင်းရှေ့တွင်ဆန္ဒပြရာတွင် ဆရာ/ဆရာမများမှ ကျောင်းဝန်းတံခါးပိတ်လိုက်ပြီး ကျောင်းထဲရှိကျောင်းသားများ အားကျောင်းပြင်သို့ထွက် ခွင့်မပေးတော့ကြောင်းတွေ့ရသည်။
ယင်းလုပ်ရပ်နှင့် ပတ်သက်၍ သပိတ်မှောက်ကျောင်းသားများမှ " ကျောင်းဝန်းထဲမှ ရှိနေတဲ့ကျောင်း သားတွေ ဟာကိုယ့်ကျောင်းနဲ့ကိုယ် ထောင်ထဲရောက်နေသလိုဖြစ်နေကြတယ် ။ သမ္မတကြီးကအစ ဆရာ/ဆရာမ တွေအားလုံးဟာ ကျနော်တို့ မိဘပြည်သူလူထုက ပေးတဲ့လစာနဲ့ ထမင်းစားနေကြရတာပါ ဒီလိုတံခါးပိတ်ထား တယ်ဆိုတာ မသင့်တော်ပါဘူး။ တံခါးဖွင့်ပေးကြပါ ဆရာ/ဆရာမတွေအားလုံးကို ကျတော်တို့တွေဟာ ကျောင်းသားကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့ပတ်သက်ပြီး နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်သွားမှာပါလို့ အသိပေးချင်ပါတယ် " ဟု ပြောဆိုကြသည်။
သပိတ်မှောက်ကျောင်းသားများသည် ဒီမိုကရေစီပညာရေး သပိတ်စစ်ကျောင်းများအားထောက်ခံပါသည်၊ ကျောင်းသားသမဂ္ဂများလွတ် လပ်စွာဖွဲ့ စည်းခွင့်ရရှိရေး ဒို့အရေး ၊ လေးပွင့်ဆိုင်သဘောတူညီချက် အမြန်အတည်ပြုပေး၊ စသည့် ဗီနိုင်းများကိုင်ဆောင်ကာ တောင်ကြီးတက္ကသိုလ်ကျောင်းရှေ့မှ စတင်၍ စူဠာမုနိ လောကချမ်းသာဘုရားတွင် သစ္စာ အဓိဌာန်ပြုပြီး ဗိုလ်ချုပ်ကြေးရုပ်အထိ ချီတက် ဆန္ဒပြခဲ့ကြရာ ပြည်သူလူထုအချို့က ချီတက်ရာလမ်း တစ်လျှောက် ၀န်းရံလိုက်ပါခဲ့သည်။
ဆန္ဒပြကျောင်းသားများသည် တောင်ကြီးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးခရိုင် နှင့် ပြင်ဦးလွင်ခရိုင်မှ ကျောင်းသားများဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ အနေနှင့်ကျောင်း သားများတောင်းဆိုထား သော အချက်(၁၁)ချက် အား လက်မှတ်ထိုး အတည်ပြု၍ စတင် အကျုံးဝင် မှသာလျင် သပိတ်လှုပ်ရှားခြင်းအား ရပ်တန့်မည်ဖြစ်ကြောင်း သိရပါသည်။
သျှမ်းသံတော်ဆင့် /ယိင်းတိုင်း
https://www.facebook.com/Panglong.burmese
တောင်ကြီးမြို့တွင် ကျောင်းသားများ ဒီမိုကရေစီ ပညာရေး သပိတ်အား ထောက်ခံဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
03:08
Rating: