မိကျောင်းကန်ဆန္ဒပြသူများကို ထောင်ဒဏ် ၆ လစီ ချမှတ်


သက်ကြီးရွယ်အိုတွေ အပါအ၀င် မိကျောင်းကန်ဆန္ဒပြသမား ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် စုစုပေါင်း ၆ လ စီ ဒီကနေ့ ချမှတ်လိုက်ပါတယ်။

ရန်ကုန်မြို့တော်ခန်းမ အ၀င်လမ်းကို ပိတ်ဆို့ဆန္ဒပြတဲ့အတွက် ထောင်ဒဏ်ချခံရတာဖြစ်ပြီး ထောင်ကျသွားသူတွေထဲမှာ အသက် ၆၈ နှစ်အရွယ် အဘွားအိုတွေလည်း ပါဝင်တယ်လို့  ဆန္ဒပြသူတွေရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“မိကျောင်းကန်ကသူတွေကို ဒုရဲမှူး ဦးတင်လှကနေပြီးတော့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ နဲ့ ၂ မှုဖွင့်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီက စီမံဌာနမှူး ဦးမောင်မောင်ဇော်ကလည်း ပုဒ်မ ၁၄၃၊  ၃၄၁ အရ အမှုဖွင့်တယ်။ အဲဒါကို တရားသူကြီးက ပုဒ်မ ၁၈ တခုကို ၁လ – ၁လနဲ့  နှစ်မှုတွဲ ၂ လ။ နောက်တတိယအမှုမှာကျတော့ ပုဒ်မ ၁၄၃ အတွက် ၃ လ၊ ပုဒ် ၃၄၁ အတွက် ၁ လ ဆိုပြီး စုစုပေါင်း ၆ လဖြစ်သွားတယ်။”

ထောင်ချခံရတဲ့ ၁၄ ယောက်ထဲမှာ ၁၂ ယောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ ရန်ကုန် မြို့တော်ခန်းမအ၀င်လမ်းမှာဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အာဏာပိုင်တွေက သွားရောက်သိမ်းဆည်းပြီး ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဒီနောက်ဆန္ဒပြသမား ၁၄ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့ အမှု ၂ မှု၊  မတရားတားဆီးကန့်ကွက်မှု  ပုဒ်မ  ၃၄၁၊  ပြည်သူပိုင်လမ်းပိတ်ဆို့မှု ပုဒ်မ ၁၄၃ တို့နဲ့ ကျောက်တံတားမြို့နယ်ရဲ စခန်းမှူး က တရားလိုလုပ်တရားစွဲဆိုခဲ့တာပါ။
ဆန္ဒပြသူတွေကို အခုလိုထောင်ချလိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေ  ဦးရောဘတ်ဆန်းအောင်က      “လူတွေကိုထောင်ချတာက ဖြစ်ပေါ်နေတဲ့ ပြဿ     နာကို ဖြေရှင်းတာမဟုတ်ဘူး။ ဖြစ်ပေါ်နေတဲ့ပြဿ      နာကို ပိုမိုကြီးထွားလာအောင်လုပ်သလိုဖြစ်တာပဲ”  လို့ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေးအတွက် မိကျောင်း ကန်ပြည်သူတွေက မဟာဗန္ဓုလပန်းခြံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လကတည်းက သပိတ်စခန်းဖွင့် တောင်းဆိုနေတာဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/82230
မိကျောင်းကန်ဆန္ဒပြသူများကို ထောင်ဒဏ် ၆ လစီ ချမှတ် မိကျောင်းကန်ဆန္ဒပြသူများကို ထောင်ဒဏ် ၆ လစီ ချမှတ် Reviewed by သစ်ထူးလွင် on 19:41 Rating: 5
Powered by Blogger.