မြန်မာပြည်အနှံ့ ကောက်ယူ ထားသော စစ်တမ်းအရ NLD ရွေးကောက်ပွဲ အနိုင်ရမည် ဟုဆို


NLD ပါတီ၏ မြန်မာပြည် အနှံ့လိုက်လံ ကောက်ယူ ထားသော စစ်တမ်း အရ NLD ပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရမည် ဖြစ်ပြီးပါတီ အာဏာရ လာပါက ချမှတ်ရန် အတွက် ပေါ်လစီ များကိုလည်း ရေးဆွဲ နေပြီဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့မှ သိရသည်။

“အပြည့်အ၀ အနိုင်ရမှာပါ။ ကျွန်တော်တို့ စစ်တမ်းတွေ အရ၊ ဘယ်သူက ဘာသာရေး သွေးခွဲ သွေးခွဲ၊ ဘာသာရေး ခေါင်းဆောင် တွေကအစ ထောက်ခံနေ ပါတယ်။ ဘာသာရေး ပဋိပက္ခ တွေကြောင့် NLD ထောက်ခံမှု ကျတယ် ဆိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသား ဒေသတွေမှာ အဖွဲ့ချုပ်ကို မထောက်ခံ တော့ဘူး ဆိုတာလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ မျှော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်””ဟု NLD ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက The Messenger Media သို့ပြောသည်။

မြန်မာပြည်အနှံ့ ပါတီထောက်ခံမှု အခြေ အနေကို ကောက်ယူရာတွင် ပြည်သူများ၏ လိုလားချက်၊ ထောက်ခံသည့်ပါတီ၊ ထောက်ခံသော အကြောင်းအရာ များကို ကောက်ခံခဲ့ ပြီး ၂၀၁၅  သည် NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးနှစ် ဖြစ်သောကြောင့် အခြေအနေကို ကြိုတင် ကောက်ခံထားပြီးကြောင်း တိုင်းရင်းသား ပါတီများသည် မည်သည့်နေရာ များတွင် အားကောင်းနေပြီး၊ မည်သည့် နေရာတွင် အားမကောင်း ဖြစ်နေကြောင်းကိုလည်း လေ့လာပြီး စစ်တမ်း ကောက်ယူထားကြောင်း၊ ဘာသာရေးနှင့် ပတ်သက်သော အဖွဲ့အစည်း များက ပါတီကို မည်ကဲ့သို့ အနှောင့်အယှက် ပြုလုပ်နေသည် စသည့် အချက်များက အစ လေ့လာချက် စစ်တမ်းများ ကောက်ယူထားကြောင်း ဗဟိုသုတေသန လမ်းညွှန်အဖွဲ့မှ သိရသည်။

၎င်းစစ်တမ်းကို ရွာသူကြီး၊ ဥက္ကဋ္ဌတို့မှ တစ်ဆင့် ကောက်ယူခြင်း မဟုတ်ဘဲ CSO အဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် နိုင်ငံရေး အခြေအနေများ၊ အစိုးရ၏ စီမံကိန်းအောင် မြင်မှုများ၊ နိုင်ငံရေး အနေအထားနှင့် ချမှတ်မည့် ပေါ်လစီ၊ စသည်တို့ကိုလည်း လုပ်ဆောင်နေပြီဖြစ်ကာ ၎င်းကိစ္စများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ် သုံးဦးခန့်သာ သိရှိထားသော ကိစ္စဖြစ်၍ ထုတ်ဖော် ပြောပိုင်ခွင့် မရှိကြောင်း ဦးမျိုးရန်နောင်သိမ်း က ဆိုသည်။

““ကျွန်တော်တို့ ပါတီက ပြည်သူတွေ နဲ့ တစ်သားထည်းပါ။ ပြည်သူတွေနဲ့ ဆန့်ကျင်ပြီး မလုပ်ပါဘူး””ဟု NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉဏ်ဝင်းက The Messenger Media ကိုပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် NLD  ပါတီသည် နေရာအားလုံးကို ပါဝင် ယှဉ်ပြိုင် သွားမည်ဟု ပြောကြားထားပြီး

၂၀၁၂ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့သော ပါတီဖြစ်သည်။ ယင်းပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။

The Messenger Media
http://www.messengernewsjournal.com/news/Local/detail.php?id=30635
မြန်မာပြည်အနှံ့ ကောက်ယူ ထားသော စစ်တမ်းအရ NLD ရွေးကောက်ပွဲ အနိုင်ရမည် ဟုဆို မြန်မာပြည်အနှံ့ ကောက်ယူ ထားသော စစ်တမ်းအရ NLD ရွေးကောက်ပွဲ အနိုင်ရမည် ဟုဆို Reviewed by သစ်ထူးလွင် on 11:12 Rating: 5
Powered by Blogger.