မလေးရှားလေကြောင်းလိုင်း ၏ ၀က်ဘ်ဆိုက်များကို Lizard Squad ဟက်ကာအဖွဲ့က ထိုးဖောက်တိုက်ခိုက်


ကွာလာလမ်ပူ ၊ ၂၇-၁-၂၀၁၅

မလေးရှား လေကြောင်းလိုင်း ၏ ဝက်ဘ်ဆိုက်များကို အစ္စလာမ္မစ် ဂျီဟတ်ဒ်အဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Lizard Squad ဟက်ကာ အဖွဲ့က ထိုး ဖောက် တိုက်ခိုက် ခဲ့ကြောင်း လေကြောင်းလိုင်း မှ တာဝန်ရှိသူ များက ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှု သည် ဇန်နဝါရီ ၂၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လေကြောင်းလိုင်း ကို အသုံးပြု သူများသည် ISIS WILL PREVAIL ဟု ရေးသားထားပြီး လေယာဉ် တစ်စင်းကို ဖော်ပြထား၍ Page not Found ဟူသော စာတန်းကို ဖော်ပြထားသည့် အင်တာနက် စာမျက်နှာ သို့ ရောက်ရှိ သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် လေကြောင်းလိုင်းမှ အသေးစိတ် အချက်အလက်များကို တိုက်ခိုက်ခံ ရခြင်း မရှိကြောင်း လေကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

Lizard Squad ဟက်ကာ အဖွဲ့သည် ယခင်ကလည်း ၄င်းတို့၏ ဟက်ကာ တိုက်ခိုက်မှုကြောင့် အွန်လိုင်း တစ်ခုလုံး ပျက်စီး စေခဲ့ပြီး လွန်ခဲ့သည့်လ အတွင်း ကလည်း ဆိုနီ Play Station ကွန်ရက်နှင့် မိုက်ခရိုဆော့ဖ် ၏ Xbox Live ကွန်ရက်များ ကိုပါ တိုက်ခိုက် ခဲ့သည်။

အဆိုပါ ဟက်ကာ အဖွဲ့သည် မလေးရှား လေကြောင်း၏ ကွန်ရက်များကို မည်သည့် အကြောင်းရင်းကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အတိအကျ မသိရ သေးကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

‪PyiChitThar‬
http://www.pyichitthar.com/2015/01/lizard-squad.html
မလေးရှားလေကြောင်းလိုင်း ၏ ၀က်ဘ်ဆိုက်များကို Lizard Squad ဟက်ကာအဖွဲ့က ထိုးဖောက်တိုက်ခိုက် မလေးရှားလေကြောင်းလိုင်း ၏ ၀က်ဘ်ဆိုက်များကို Lizard Squad ဟက်ကာအဖွဲ့က ထိုးဖောက်တိုက်ခိုက် Reviewed by သစ်ထူးလွင် on 15:19 Rating: 5
Powered by Blogger.