ISIS စစ်သွေးကြွများ နိုင်ငံအနီးသို့ ချည်းကပ်လာမည် ဆိုပါက ၄င်းတို့အား အပြီးသတ် ချေမှုန်းတိုက်ခိုက်ရန် အသင့် ပြင်ဆင်ထားဟု အီရန်သတိပေး
တီဟီရန် ၊ ၇-၁-၂၀၁၅
အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များ အနေဖြင့် အီရန်နိုင်ငံ အနီးသို့ ချဉ်းကပ် ဝင်ရောက် လာပါက ၄င်းတို့အား အပြီးသတ် ချေမှုန်း တိုက်ခိုက် သွားမည် ဖြစ်ကြောင်း အီရန်တပ်မှူး တစ်ဦးက ဇန်နဝါရီ ၆ ရက်တွင် သတိပေး ပြောကြား လိုက်ကြောင်း သိရသည်။
ထို့အပြင် အီရန်အစိုးရ သည် အီရတ် နိုင်ငံအတွင်းရှိ ISIS စစ်သွေးကြွ များ နိုင်ငံအတွင်းသို့ ထိုးဖောက် ဝင်ရောက် လာနိုင်ခြင်း မရှိစေရန် အတွက် အီရန်နိုင်ငံက ၄င်းတို့၏ နယ်စပ်မှ အီရတ်ပိုင်နက် ၄ဝ ကီလိုမီတာ အထိကို အန္တရာယ် ရှိသည့်နယ်မြေ သို့မဟုတ် အနီရောင် နယ်နိမိတ် အဖြစ် သတ်မှတ်ခဲ့သည်။
အီရန်နိုင်ငံ သည် ISIS စစ်သွေးကြွ များက အီရတ်နိုင်ငံ အတွင်း တိုက်ခိုက်မှုများ ပြုလုပ်ပြီး ဒေသများကို သိမ်းပိုက်ပြီး ချိန်မှစ၍ အဆိုပါ စစ်သွေးကြွ များအား နိုင်ငံအတွင်းသို့ ထိပါး နှောင့်ယှက်ခြင်း မပြုရန် အစောပိုင်းက သတိပေး ပြောကြား ခဲ့သည်။ အဆိုပါ စစ်သွေးကြွများ အနေဖြင့် အီရန် အနောက်ပိုင်းရှိ နယ်မြေများကို ဖြတ်ကျော်၍ အီရန်နိုင်ငံ အနီးသို့ ချဉ်းကပ်လာမည် ဆိုပါက အီရန် ကြည်းတပ် က ၄င်း စစ်သွေးကြွ များကို အပြီးသတ် ချေမှုန်း တိုက်ခိုက်ရန် အသင့်ပြင်ဆင် ထားကြောင်း ကြည်းတပ် တပ်မှူးတစ်ဦး ဖြစ်သူ အာမက်ရီ ဇာပူဒါစတန် က အခိုင်အမာ ပြောကြား ခဲ့သည်။
အီရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် နိုင်ငံ အတွင်းမှ အီရတ်နိုင်ငံ အတွင်းသို့ သွားရောက်၍ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့သူ သုံးဦးကို လက်နက်နှင့် တကွ ဇန်နဝါရီ ၅ ရက်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
#PyiChitThar
http://www.pyichitthar.com/2015/01/isis_6.html
ISIS စစ်သွေးကြွများ နိုင်ငံအနီးသို့ ချည်းကပ်လာမည် ဆိုပါက ၄င်းတို့အား အပြီးသတ် ချေမှုန်းတိုက်ခိုက်ရန် အသင့် ပြင်ဆင်ထားဟု အီရန်သတိပေး
Reviewed by သစ်ထူးလွင်
on
11:58
Rating: