ကိုဘာနီမြို့ရှိ ISIS စစ်သွေးကြွများအား ကာ့ဒ်မျိုးနွယ်စုများ တိုက်ထုတ်နိုင်ခဲ့


ကိုဘာနီ ၊ ၂၈-၁-၂၀၁၅

ဆီးရီးယားရှိ ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားများသည် နိုင်ငံ၏ နယ်စပ်မြို့ တစ်မြို့ဖြစ်သော ကိုဘာနီမြို့မှ ISIS စစ်သွေးကြွ များအား တိုက်ထုတ် နိုင်ခဲ့ပြီး ၄င်းမြို့ကိုပြန်လည် သိမ်းယူ နိုင်ခဲ့ကြောင်း သိရသည်။

ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားများသည် အမေရိကန် တို့၏ လေကြောင်း မှ ကူညီ တိုက်ခိုက်မှု များနှင့် အီရတ်ရှိ ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားများ၏ အကူအညီဖြင့် ကိုဘာနီမြို့ကို ပြန်လည် သိမ်းယူ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြား ခဲ့သည်။

ကိုဘာနီမြို့၏ ၉ဝ ရာခိုင်နှုန်း ခန့်သည် ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားများ၏ လက်အောက်သို့ ရောက်ရှိ သွားခဲ့ပြီး ၄င်းမြို့ အနီးရှိ တောင်ထိပ် တစ်ခုပေါ်တွင် ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားများ၏ အလံကို စိုက်ထူ ထားခဲ့ကြောင်း အမေရိကန် ဗဟိုဌာနချုပ် က အတည်ပြု ပြောကြား ခဲ့သည်။

ထို့ပြင် ကာ့ဒ်မျိုးနွယ်စု တိုက်ခိုက်ရေး သမားများသည် ကိုဘာနီမြို့ အရှေ့ဘက် ဆင်ခြေဖုံး ဒေသရှိ ဂျီဟတ် စစ်သွေးကြွများ နှင့် မက်တာလာ ခရိုင်တွင် ကျန်ရှိ နေသေးသော ISIS စစ်သွေးကြွ များအား ဆက်လက် တိုက်ထုတ်လျက် ရှိကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြား ခဲ့သည်။

ဆီးရီးယားနှင့် အီရတ်ရှိ ISIS စစ်သွေးကြွ များအား ထိုးစစ်ဆင်လျက် ရှိသော အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့သည် ကိုဘာနီမြို့ရှိ ISIS စစ်သွေးကြွ များ၏ အခြေစိုက် စခန်းများကို ဇန်နဝါရီ ၂၅ ရက်မှစ၍ လေကြောင်းမှ ၂၄ နာရီကြာ တိုက်ခိုက်ခဲ့ပြီး နောက် ကာ့ဒ်မျိုးနွယ်စု များက ၄င်းတို့၏ ထိုးစစ်ဆင်မှု များကို စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

PyiChitThar
http://www.pyichitthar.com/2015/01/isis_79.html
ကိုဘာနီမြို့ရှိ ISIS စစ်သွေးကြွများအား ကာ့ဒ်မျိုးနွယ်စုများ တိုက်ထုတ်နိုင်ခဲ့  ကိုဘာနီမြို့ရှိ ISIS စစ်သွေးကြွများအား ကာ့ဒ်မျိုးနွယ်စုများ တိုက်ထုတ်နိုင်ခဲ့ Reviewed by သစ်ထူးလွင် on 12:16 Rating: 5
Powered by Blogger.