ဂျီနီဗာ ၊ ၂၂-၁-၂၀၁၅
အီရတ်နိုင်ငံ အတွင်းရှိ အရပ်သား များစွာသည် ISIS စစ်သွေးကြွ များ၏ ကွပ်မျက်မှုကို ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ က ဇန်နဝါရီ ၂ဝ ရက်တွင် ဝေဖန်ရှုတ်ချ ခဲ့ပြီး အထူးသဖြင့် အီရတ်နိုင်ငံ အတွင်းရှိ ပညာတတ် အမျိုးသမီး များသည် အန္တရာယ်နှင့် ကြုံတွေ့ရလျက် ရှိသည်ဟု ယင်းအဖွဲ့ကြီး က သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။
ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အတွင်းရှိ ၄င်းတို့ ထိန်းချုပ်ထားသော နေရာများတွင် လူသား မဆန်သည့် ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများဖြင့် အရပ်သား များကို သတ်ဖြတ် နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာရုံးမှ ပြောကြား ခဲ့သည်။
ISIS စစ်သွေးကြွ အဖွဲ့သည် ဓားပြဟူသော စွပ်စွဲချက်ဖြင့် အမျိုးသား နှစ်ဦးကို ကားစင်တင် သတ်သည့် ပုံများနှင့် အိမ်ထောင်ရေး ဖောက်ပြန်သည် ဟူသော စွပ်စွဲချက်ဖြင့် အမျိုးသမီး တစ်ဦးကို မသေမချင်း ကျောက်ခဲဖြင့် ပစ်ပေါက်သည့် ပုံများကို လွန်ခဲ့သော ရက်သတ္တပတ် က ဖော်ထုတ်ပြသ ခဲ့ကြသည်။
ISIS စစ်သွေးကြွ များ ထိန်းချုပ်ထားသော နေရာများတွင် ယင်းကဲ့သို့ သတ်ဖြတ်ခံ နေရသူ အမျိုးသမီးများစွာ ရှိကြောင်း၊ ထို့ပြင် ISIS စစ်သွေးကြွ များသည် ယခင် ရက်သတ္တ နှစ်ပတ် အတွင်းတွင် အမျိုးသမီးရှေ့နေ သုံးဦးကို သတ်ဖြတ် ခဲ့ကြကြောင်း၊ ထို့ကြောင့် အစိုးရရုံး ဌာနများတွင် တာဝန် ထမ်းဆောင်ရန် အတွက် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် အမျိုးသမီး အမတ်လောင်းများ အပါအဝင် အီရတ် ပညာတတ် အမျိုးသမီးများ အနေဖြင့် သတိဝီရိယ ကြီးစွာဖြင့် သွားလာ နေထိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာရှမ်ဒါဆာနီ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။
PyiChitThar
http://www.pyichitthar.com/2015/01/isis_21.html
အီရတ်ပညာတတ် အမျိုးသမီးများအား ISIS အဖွဲ့က သတ်ဖြတ်လျက်ရှိဟု ကုလသမဂ္ဂ သတိပေး
Reviewed by သစ်ထူးလွင်
on
11:45
Rating: