အာဘီးလ် ၊ ၁၂-၁-၂၀၁၅
ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ မြောက်ပိုင်း Gwer ဒေသတွင်းရှိ ကာဒစ်ရှ် တပ်ဖွဲ့အား ရုတ်တရက် ဝင်ရောက် တိုက်ခိုက် ခဲ့ရာတွင် ကာဒစ်ရှ် လုံခြုံရေး တပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံး သွားခဲ့ကြောင်း ဇန်နဝါရီ ၁ဝ ရက်တွင် လုံခြုံရေး အရာရှိ များက ပြောကြားသည်။
ISIS စစ်သွေးကြွ များသည် Zab မြစ်ကို လှေဖြင့် ဖြတ်ကူး၍ ကာဒစ်ရှ်ဒေသ မြို့တော် ဖြစ်သော အာဘီးလ်မြို့၏ အနောက် တောင်ဘက်မှ ၄ဝ ကီလိုမီတာ အကွာတွင် ရှိသည့် Gwer ဒေသကို တစ်နာရီ အချိန်အတွင်း သိမ်းပိုက် ခဲ့ကြခြင်း ဖစ်ကြောင်း သိရသည်။
သေဆုံးသူ ၂၆ ဦးသည် ကာဒစ်ရှ် လုံခြုံရေး တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ပြီး မမျှော်လင့် ထားသည့် အချိန်တွင် ရုတ်တရက် ဝင်ရောက် တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း အာဘီးလ်မြို့လုံခြုံရေး တပ်ဖွဲ့မှ ဒုတိယ အကြီးအကဲ ဖြစ်သူ ဘာဇန်ခက်ဆက်ဘ် က ပြောသည်။
#PyiChitThar
http://www.pyichitthar.com/2015/01/isis_11.html
ISIS စစ်သွေးကြွ များ၏ တိုက်ခိုက်မှုကြောင့် ကာဒစ်ရှ်လုံခြုံရေး တပ်ဖွဲ့ ဝင် ၂၆ ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
15:53
Rating: