Charlie Hebdo မဂ္ဂဇင်း ကနေ့ ဖြန့်မယ်

ကျန်ရစ်သူတွေက မဂ္ဂဇင်း ဆက်ထုတ်မယ်
Charlie Hebdo ပြင်သစ် ဟာသ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ က သူတို့ နောက်ဆုံး ထုတ်မယ့် စာစောင် မျက်နှာဖုံး က တမန်တော် မိုဟာမက် ပုံ ဟာ နူးညံ့ သိမ်မွေ့ ပြီး ရယ်ရွှင်ဖွယ် ကောင်းတယ်၊ မဂ္ဂဇင်းရဲ့ စိတ်ဓာတ် နဲ့ လည်း လိုက်ဖက်တယ် လို့ ပြောကြား လိုက်ပါတယ်။

ဒီမဂ္ဂဇင်းက သတင်းသမား ၁ဝ ယောက် အရင်တပတ်က အစ္စလာမ္မစ် အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုမှာ သတ်ဖြတ် ခံခဲ့ရပါတယ်။

အသက်မသေ ကျန်ရစ်သူတွေ ထုတ်ဝေ မယ့် မဂ္ဂဇင်းမှာ မျက်နှာဖုံးက ကျွန်တော်ဟာ ရှာလီ ဖြစ်တယ် ဆိုတဲ့ စာတန်းနဲ့ ငိုကြွေးနေတဲ့ တမန်တော် မိုဟာမက် ပုံ ပါရှိ ပါတယ်။

အဲဒိ ပုံရဲ့ အထက်က အားလုံး ခွင့်လွှတ် တယ် ဆိုတဲ့ စာသားလည်း ပါပါတယ်။

ဘီဘီစီ အပါအဝင် ကမ္ဘာ တလွှားက သတင်း မီဒီယာ တော်တော်များများ မှာ ဒီကာတွန်းကို ပြန်လည် ဖော်ပြဖို့ ရှိပါတယ်။

ဒီကာတွန်းဟာ ကျိုးကြောင်း မဆီလျော်တဲ့ ရန်စ လှုံ့ဆော်မှုသာ ဖြစ်တယ် လို့ အီဂျစ် နိုင်ငံက အစိုးရရဲ့ တရားဝင် အစ္စလာမ္မစ် အာဏာပိုင် အဖွဲ့က ပြောကြား လိုက်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150113_charlie_hebdo
Charlie Hebdo မဂ္ဂဇင်း ကနေ့ ဖြန့်မယ် Charlie Hebdo မဂ္ဂဇင်း ကနေ့ ဖြန့်မယ် Reviewed by သစ်ထူးလွင် on 03:58 Rating: 5
Powered by Blogger.