"I am Charlie" |
တမာန်တော်မိုဟာမက်ဟာ “I am Charlie - ကျနော်ဟာ ချာလီ” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားမှာဖြစ်ပြီး အားလုံးကို ခွင့်လွှတ်တယ်ဆိုတဲ့ စာတန်းအောက်မှာ ရပ်နေတာ ဖြစ်တယ်လို့ ကြိုတင်ကြည့်ရှုခွင့်ရတဲ့ သတင်းဌာနတချို့က ပြောပါတယ်။
ပုံမှန်အားဖြင့် အပတ်စဉ် စောင်ရေ ၆၀,၀၀၀ ထုတ်ဝေရာကနေ အကြမ်းဖက်တိုက်ခိုက်မှုအပြီးစတင်ပြန်လည်ထုတ်ဝေရာမှာ စောင်ရေ သုံးသန်းထိ ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။ အစ္စလာမ် အစွန်းရောက် Cherif နဲ့ Said Kouachi တို့ဟာ Charlie မဂ္ဂဇင်းတိုက်ကို ဝင်ရောက်ပြီး ဝန်ထမ်း ၁၂ ဦးကို ပစ်သတ်ခဲ့ပါတယ်။ ဒီမဂ္ဂဇင်းဟာ အစ္စလာမ်အပါအဝင် တခြား ဘာသာတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး သရော်လှောင်ပြောင်တဲ့ ကာတွန်းတွေ ပါဝင်တဲ့ စာစောင်ကို ထုတ်ဝေပါတယ်ခင်ဗျာ။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/new-charlie-hebdo-cover-depicts-prophet-muhammed-with-i-am-charlie-sign-/2595950.html
Charlie Hebdo စာစောင်သစ်မျက်နှာဖုံး တမန်တော်မိုဟာမက်ပုံနှင့် ထုတ်မည်
Reviewed by သစ်ထူးလွင်
on
08:43
Rating: