capitolအဆောက်အအုံ တိုက်ခိုက်ခံရမှုကို ကြိုတင်တားဆီးနိုင်

လူထုကို တိုက်ခိုက်မယ့် အန္တရာယ် မကျခင် ကြိုတင် တားဆီးနိုင်ခဲ့
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ ရှိတဲ့ US Capitol အဆောက်အအုံကို တိုက်ခိုက်ဖို့ အကွက်ချ ကြံစည်ခဲ့မှုနဲ့ အိုဟိုင်ယို ပြည်နယ်က လူတဉီးကို FBI ထောက်လှမ်းရေး အဖွဲ့ဝင်တွေက ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပါတယ်။

တရားရုံး အထောက်အထားတွေအရ Christopher Cornell ဆိုသူ အဲဒီလူဟာ ကျည်ဆံအတောင့် ၆၀ဝ ဝယ်ဖို့ ကြိုးစားခဲ့ပြီး အိမ်လုပ်ဗုံး ဘယ်လို လုပ်ရသလဲဆိုတာကို လေ့လာခဲ့တယ်လို့ FBI ထောက်လှမ်းရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

သူဟာ Capitol အဆောက်အအုံထဲမှာ ဗုံးခွဲဖို့ နဲ့ အဲဒီမှာ အလုပ်လုပ်နေသူတွေကို သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ အစ္စလာမစ် နိုင်ငံတော် အဖွဲ့နဲ့ အကြမ်းဖက် ဂျီဟာ့ဒ် အဖွဲ့တွေကို ထောက်ခံတယ်လို့လည်း twitterပေါ်မှာ ရေးသားဖေါ်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150115_capitol_attack_plot
capitolအဆောက်အအုံ တိုက်ခိုက်ခံရမှုကို ကြိုတင်တားဆီးနိုင် capitolအဆောက်အအုံ တိုက်ခိုက်ခံရမှုကို ကြိုတင်တားဆီးနိုင် Reviewed by သစ်ထူးလွင် on 11:41 Rating: 5
Powered by Blogger.