ဘုရားပွဲဈေးတန်း ယာဉ်တိုက်မှုကြောင့် (၁၆)ဦး ဒဏ်ရာရ


အရှိန်မထိန်း နိုင်သောယာဉ်မှ ဘုရားပွဲဈေး ဆိုင်တန်းများနှင့် ပွဲဈေးလာသူများကို တိုက်သဖြင့် (၁၆)ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်န၀ါရီ ၁

၃၁.၁၂.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ လှိုင်မြင့်မိုရ်အိမ်ရာ ကန်လမ်း သွယ်လမ်းအတိုင်း မြောက်မှတောင်သို့ လှိုင်မြို့နယ်နေ ယာဉ်မောင်း ကိုကျော်ဇေယျာဝင်း (၃၄)နှစ် မောင်းနှင်လာသော 5I----HONDA INSIGHT အမျိုးအစား ကိုယ်ပိုင်ယာဉ်သည် ကန်လမ်းထိပ် အရောက် ၀ဲဘက်သို့ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲ/ယာရှိ ဘုရားပွဲဈေးဆိုင်တန်း များနှင့် ပွဲဈေးလာသူများအား ၀င်ရောက် တိုက်မိခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့် ဈေးဆိုင်တန်းများ ပျက်စီးသွားခဲ့ပြီး ဈေးရောင်းသူ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၄)ဦးနှင့် ဘုရားပွဲဈေးလာသူ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၆)ဦး၊ စုစုပေါင်း (၁၆)ဦး တို့တွင် ဖူးရောင်၊ စုတ်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်း/ပြင်ပလူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုကျော်ဇေယျာဝင်းအား လှိုင်မြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဘုရားပွဲဈေးတန်း ယာဉ်တိုက်မှုကြောင့် (၁၆)ဦး ဒဏ်ရာရ ဘုရားပွဲဈေးတန်း ယာဉ်တိုက်မှုကြောင့် (၁၆)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:06 Rating: 5
Powered by Blogger.