မကွေးမြို့နယ်၌ စကားပြော သင်တန်းဆရာ ဓာတ်လိုက်သေဆုံး


မကွေး ဇန်နဝါရီ ၂၆

မကွေးမြို့ ကန်သာရပ်ကွက် မေတ္တာလမ်းနှင့် တောင်တွင်းကြီး လမ်းထောင့်ရှိ ဆောက်လုပ်ရေး တိုက်တန်းတွင် ဇန်နဝါရီ ၂၅ ရက် ညနေ ၆ နာရီက အမျိုးသားတစ်ဦး ဓာတ်လိုက်၍ မကွေးပြည်သူ့ ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ မကွေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးတင်မောင်လွင်နှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့သည်။

ထိုအမျိုးသားမှာ ယာဘက်လက်ကောက်ဝတ်မှ လက်ဖမိုးအထိ အရေပြား စုတ်ပြဲဒဏ်ရာရရှိပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

အဆိုပါ သေဆုံးသူမှာ မကွေးမြို့ကန်သာရပ်ကွက် မေတ္တာလမ်းနှင့် တောင်တွင်းကြီး လမ်းထောင့်ရှိ ဆောက်လုပ်ရေးတိုက်တန်း အခန်း အမှတ် (၁၃)နေ ဦးဇော်လင်း(၃၅)နှစ်ကိုရီးယား ဘာသာစကားပြော သင်
တန်းဆရာကမာရွတ်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေသူ ဖြစ်သည်။

အဆိုပါ တိုက်ခန်းအား လွန်ခဲ့သောနှစ်ရက်ခန့်က Angel ဓာတ်ပုံ လုပ်ငန်းပိုင်ရှင်ထံမှ ငှားရမ်းခဲ့ပြီး စကားပြော သင်တန်းဖွင့်ရန် တိုက်ခန်းခေါင်မိုး သွပ်ပေါ်သို့တက်၍ Angel ဓာတ်ပုံလုပ်ငန်း ဆိုင်းဘုတ်အား ဖုံးအုပ်ပြုပြင်ခဲ့စဉ် ခေါင်မိုးနှင့် ငါးပေခန့်အကွာရှိ ဗို့အား ၁၁ဝဝဝ ရှိ မဟာဓါတ်အားလိုင်းကြိုးအား လက်ဖြင့် ရိုက်မိခဲ့သဖြင့် ဓာတ် လိုက်ကာ ခေါင်းမိုးပေါ်လဲကျခဲ့သောကြောင့် ပတ်ဝန်းကျင်ရှိ လူများက တက်ရောက်ဆွဲချခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခြင်း ဖြစ်သည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍မကွေးမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂ဝ၁၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

(ကျော်ဇေယျ)

The Mirror Daily
https://www.facebook.com/TheMirrorDaily
မကွေးမြို့နယ်၌ စကားပြော သင်တန်းဆရာ ဓာတ်လိုက်သေဆုံး မကွေးမြို့နယ်၌ စကားပြော သင်တန်းဆရာ ဓာတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 06:22 Rating: 5
Powered by Blogger.