ဦးလေးတော်စပ်သူမှ တူဖြစ်သူအား ဒေါသအလျောက် ဓါးဖြင့် ခုတ်သတ်သေဆုံးမှု တနင်္သာရီမြို့နယ် ပဝရွာတွင်ဖြစ်ပွား


တနင်္သာရီ ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် ပဝရွာတွင် ဇန်နဝါရီ (၁၉) နေ့ ည(၁၀းဝ၀)နာရီခန့်တွင် ဦးလေး ဖြစ်သူမှ တူဖြစ်သူအား ဒေါသအလျောက် ဓါးဖြင့်ခုတ်သတ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပုံကြီး(ခေါ်)ထွန်းမင်းလှိုင်သည် ဦးလေးဖြစ်သူ ဦးအောင်ဝင်းထိန်၏ နေအိမ်ပေါ်သို့ အရက် မူးပြီး တက်ရောက်လာကာ ဦးလေးဖြစ်သူအား မချေမငံ ဆဲဆို၍ ဦးလေး၏ ရင်ဝကိုလည်း ခြေဖြင့်ဆောင့်ကန်ပြီး လက်ထဲတွင် ပါလာသော အရက်ပုလင်းဖြင့် ရိုက်သဖြင့် ဦးလေးဖြစ်သူ ဦးအောင်ဝင်းထိန်မှ ဒေါသအလျောက် အနီးရှိ ဓါးမကောက်ဖြင့် ခုတ်မိခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအမှုဖြစ်စဉ်အား တနင်္သာရီမြို့မ ရဲစခန်းမှူး ရဲအုပ်မောင်မောင်နှင့် တာဝန်ရှိသူများက အမှုနှင့် ပတ်သက်၍ သက်သေခံ ပစ္စည်းအဖြစ် အရိုး(၉)လက်မ၊ အသွား ၁ပေ ၆လက်မ၊ ဗျက်နှစ်လက်မခန့်ရှိ ဓါးမ ကောက် တစ်ချောင်း၊ သွေးစွန်းနေသည့် ကွက်စိပ်ပုဆိုး တစ်တည်နှင့်အတူ တရားခံ ဦးအောင်ဝင်းထိန်အား ဖမ်းဆီးခဲ့ပြီး (ပ)၅ /၂၀၁၅ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဦးလေးတော်စပ်သူမှ တူဖြစ်သူအား ဒေါသအလျောက် ဓါးဖြင့် ခုတ်သတ်သေဆုံးမှု တနင်္သာရီမြို့နယ် ပဝရွာတွင်ဖြစ်ပွား ဦးလေးတော်စပ်သူမှ တူဖြစ်သူအား ဒေါသအလျောက် ဓါးဖြင့် ခုတ်သတ်သေဆုံးမှု တနင်္သာရီမြို့နယ် ပဝရွာတွင်ဖြစ်ပွား Reviewed by သစ်ထူးလွင် on 20:42 Rating: 5
Powered by Blogger.