စပိန်နိုင်ငံရှိ နေတိုးလေတပ် အခြေစိုက် စခန်းတွင် ဂရိတိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျရာ လူ ၁၁ ဦးသေဆုံး


မက်ဒရစ် ၊ ၂၈-၁-၂၀၁၅

ဂရိ တိုက်လေယာဉ် တစ်စင်းသည် စပိန်နိုင်ငံရှိ နေတိုး လေတပ် အခြေစိုက် စခန်းတစ်ခု၌ မြေပြင်မှ ပျံတက်စဉ် အတွင်း ပျက်ကျ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ပြင်သစ် တပ်ဖွဲ့ဝင် ကိုးဦးနှင့် ဂရိ လေယာဉ်မှူး နှစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

F-16 အမျိုးအစား တိုက်လေယာဉ် သည် အယ်လ်ဘာစီတီမြို့ ရှိ Los Llanos လေတပ် အခြေစိုက် စခန်းတွင် ဇန်နဝါရီ ၂၆ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီ ၃ဝ မိနစ်ခန့်က ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လေယာဉ် ပျက်ကျမှုကြောင့် နေတိုး အဖွဲ့၏ လေ့ကျင့်ရေး လေယာဉ် အပါအဝင် အခြား လေယာဉ် ငါးစင်းထက် မနည်း ပျက်စီး ခဲ့ကြောင်း စပိန် ကာကွယ်ရေး ဝန်ကြီးဌာန ကထုတ်ပြန် ခဲ့သည်။

လေယာဉ် ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများက မီးများအား ငြှိမ်းသတ်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဂျင်းယက်ဗလီ ဒရိုင်ယန် သည် ဇန်နဝါရီ ၂၇ ရက်တွင် အခင်းဖြစ်ရာ နေရာသို့ သွားရောက် ကြည့်ရှု ခဲ့ကြောင်း သိရသည်။

လေယာဉ် ပျက်ကျမှုကြောင့် ဒဏ်ရာရရှိ သူများ ထဲတွင် ပြင်သစ်၊ အီတလီ နိုင်ငံသား အပါအဝင် ၄င်းလေတပ် အခြေစိုက် စခန်းတွင် တာဝန် ထမ်းဆောင် နေသော အမေရိကန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ နှင့် ဗြိတိန်တပ်ဖွဲ့ဝင် အချို့လည်း ပါဝင် ခဲ့ကြောင်း သိရသည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_210.html
စပိန်နိုင်ငံရှိ နေတိုးလေတပ် အခြေစိုက် စခန်းတွင် ဂရိတိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျရာ လူ ၁၁ ဦးသေဆုံး စပိန်နိုင်ငံရှိ နေတိုးလေတပ် အခြေစိုက် စခန်းတွင် ဂရိတိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျရာ လူ ၁၁ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 12:18 Rating: 5
Powered by Blogger.