လစ်ဗျားနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပြန်ပေးဆွဲခံရ


အယ်ဘိုင်ဒါ ၊ ၂၇-၁-၂၀၁၅

လစ်ဗျားနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးအား အမည်မသိ သေနတ်သမားများ က နိုင်ငံ အရှေ့ပိုင်းရှိ အစိုးရရုံးစိုက်ရာ အယ်ဘိုင်ဒါမြို့ ရှိ ဟိုတယ်တစ်ခု အတွင်းမှ ဇန်နဝါရီ ၂၅ ရက်တွင် ပြန်ပေးဆွဲ ခဲ့သည်ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ပြန်ပေးသမား များသည် ဟိုတယ် အတွင်းသို့ ဝင်ရောက် လာပြီးနောက် ဝန်ထမ်းများအား ၄င်းတို့မှာ လုံခြုံရေးတပ်ဖွဲ့ ဖြစ်ကြောင်း ပြောဆိုခဲ့သည် ဟု မျက်မြင် သက်သေများ၏ ပြောကြားချက်ကို ကိုးကား၍ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ယင်းနောက်တွင် သေနတ်သမား များသည် ဒုတိယဝန်ကြီး Hassan al-Saghir အား ဖော်ပြခြင်း မရှိသည့် နေရာတစ်ခုသို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုနှင့် စပ်လျဉ်း၍ မည်သည့် အဖွဲ့အစည်း ကမျှ တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

အယ်ဘိုင်ဒါမြို့ သည် ထရီပိုလီမြို့ နှင့် ကီလိုမီတာ ၁၂ဝဝ (မိုင် ၇၅ဝ) အကွာတွင် တည်ရှိပြီး လစ်ဗျား အစိုးရသည် ၄င်းတို့၏ ရုံးချုပ်အား တိုဘရပ်နှင့် ရှိုဟက် အရှေ့ပိုင်းမြို့ တို့တွင် ရုံးစိုက် ခဲ့သော်လည်း နောက်ပိုင်းတွင် အယ်ဘိုင်ဒါမြို့ သို့ ပြောင်းရွှေ့ ခဲ့ကြောင်း သိရသည်။

‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_669.html
လစ်ဗျားနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပြန်ပေးဆွဲခံရ လစ်ဗျားနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပြန်ပေးဆွဲခံရ Reviewed by သစ်ထူးလွင် on 10:48 Rating: 5
Powered by Blogger.