ဘဂ္ဂဒက် ဇန်နဝါရီ ၁၈
အစ္စလမ္မစ်နိုင်ငံ(အိုင်အက်စ်)စစ် သွေးကြွအုပ်စုက အီရတ်မြောက်ပိုင်းတွင် ရာဇီဒီဘာသာရေး အသိုက်အဝန်း အဖွဲ့ဝင် ၃၅ဝခန့်ကို ပြန်လွှတ်ပေး လိုက်သည်။
အဆိုပါ သက်ကြီးပိုင်း ရာဇီဒီအဖွဲ့သည် အိုင်အက်စ်ထိန်း ချုပ်သောဒေသမှ ထွက်ခွာလာခဲ့ရာ ကယ်ကွတ်မြို့အနီးတွင် ကာဒစ်တာဝန်ရှိသူများက လက်ခံခဲ့သည် ဟုဆိုသည်။
ယင်းတို့ကို မည်သည့်အတွက်ကြောင့် လွှတ်ပေးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟုဆိုသည်။ အိုင်အက်စ်တို့က ပြီးခဲ့သည့်နှစ်အတွင်း အီရတ်ရှိ ရာဇီဒီလူနည်းစုများကို တိုက်ခိုက်ခဲ့သည်။
ထောင်နှင့်ချီသော ပြည်သူများအား ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။
အဆိုပါ ရာဇီဒီအဖွဲ့ဝင်အားလုံးနီးပါးကို စနေနေ့က လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး အများစုမှာ သက်ကြီးပိုင်းနှင့်ကျန်းမာရေး မကောင်းသူများ ဖြစ်ကြောင်း ရိုက်တာကပြောသည်။
၎င်းလွှတ်ပေးလိုက်သူများတွင် နာမကျန်းဖြစ်နေသော နို့စို့အရွယ် ကလေးအချို့ပါဝင်ပြီး ကာဒစ်ပက်ရှ် မာဂါတပ်များကကျန်းမာရေး စောင့်ရှောက်ရေး စင်တာသို့ ဆေးကုသမှုခံယူနိုင်ရန် တိုက်ရိုက်ပို့ဆောင်ပေးခဲ့ သည်။
ယင်းကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့သူများအနက် အချို့မှာ ဒဏ်ရာရရှိသူများနှင့် မသန်စွမ်းသူများဖြစ်ပြီး အများစုမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေကြရကြောင်း ရာဇီဒီအခွင့်အရေး တက်ကြွလှုပ်ရှားသူ ခိုဒါဒိုမိကအေအက်ဖ်ပီ သတင်းအေဂျင်စီသို့ ပြောသည်။
(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အီရတ်တွင်ရာဇီဒီ ၃၅၀ ပြန်လည်လွတ်မြောက်လာ
Reviewed by သစ်ထူးလွင်
on
04:15
Rating: