ရန်ကုန်၊ ဇန်န၀ါရီ ၁
၃၀.၁၂.၂၀၁၄ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ အမက(၁၃)ကျောင်း၌ တတိယတန်း တက်ရောက် နေသော အသက်(၈)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး နားဆွဲဖြုတ်ယူ ခံရမှု ဖြစ်ပွား ခဲ့ပါသည်။
ဖြစ်စဉ်မှာ ၁၁၁၅ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမက(၁၃)ကျောင်းမှ အဆိုပါကလေးငယ်အား ကျောင်းရှေ့လမ်းမပေါ်၌ အမျိုးသမီးတစ်ဦးမှ မုန့်ဝယ်ကျွေးမည်ဟု ပြောဆိုခေါ်ဆောင်သွားပြီး ၀တ်ဆင်ထားသော နားဆွဲ(၁)ရံ အား ဖြုတ်ယူသွားခဲ့ကြောင်း၊ နားဆွဲဖြုတ်ယူသွားသူ အမျိုးသမီးအား ရွှေလင်ဗန်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များမှ တွေ့ရှိ ထိန်းသိမ်းထားခဲ့ပြီး ၎င်းမှာ ထန်းတပင် မြို့နယ်၊ ရိုးကြီးကျေးရွာနေ မသန္တာ(ခ)နဒီ၊ (၂၃)နှစ်ဖြစ်ကြောင်း၊ ကလေးငယ်ထံမှ ဖြုတ်ယူခဲ့သောနားဆွဲမှာ ရွှေအတုဖြင့် ပြုလုပ်ထားပြီး တန်ဖိုးငွေကျပ်(၅၀၀) ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးငယ်၏ မိခင်ဖြစ်သူမှ အရေးယူပေးရန် တိုင်တန်းချက်အရ မသန္တာ(ခ)နဒီအား လှိုင်သာယာမြို့မရဲစခန်း(ပ)၁၉၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၆၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ကျောင်းသူ မိန်းကလေးငယ်ထံမှ နားဆွဲဖြုတ်ယူသူ အမျိုးသမီးအား အရေးယူ
Reviewed by သစ်ထူးလွင်
on
19:01
Rating: