ဖီလစ်ပိုင်တောင်ပိုင်း ပြင်းထန်သော တိုက်ပွဲဖြစ်ပွား ရဲကွန်မန်ဒို ၃၀ ထက်မနည်း သေဆုံး


မနီလာ ဇန်နဝါရီ ၂၆

ဖိလစ်ပိုင်တောင်ပိုင်း မာကွန်ဒါ နာအိုပြည်နယ်၌ အနည်းဆုံးရဲကွန်မန် ဒို ၃ဝ သည် အစ္စလမ္မာစ်သူပုန်များနှင့် အကြီးအကျယ် တိုက်ပွဲဖြစ်ပွားပြီး သေဆုံး သွားခဲ့ကြောင်း တာဝန်ရှိသူ များက ပြောသည်။

ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် မိုရို အစ္စလမ္မစ်လွတ်မြောက်ရေးတပ်ဦး သူပုန်များ ထိန်းချုပ်ရာ ကျေးရွာသို့ ဝင်ရောက်ခဲ့စဉ် သူပုန်အချို့လည်း သေဆုံးခဲ့သည်။

အဓိက သံသယရှိသူ အကြမ်း ဖက်သမား နှစ်ဦးကို အဓိကထား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါ တိုက်ခိုက်မှုသည် ဆယ်စုနှစ် များစွာ ဖြစ်ပွားခဲ့သော တိုက်ပွဲအဆုံးသတ် ရန် အစိုးရနှင့် သူပုန်တို့ ပြီးခဲ့သည့် နှစ်က ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆို ခဲ့ပြီးနောက် အဆိုးရွားဆုံး တိုက်ပွဲ ဖြစ်ခဲ့သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သူပုန်များဘက်မှ သတင်းထုတ်ပြန် ခြင်းမရှိသော်လည်း ရဲကွန်မန်ဒိုများ သည် မန်မာဆာပါနိုမြို့အနီး ကျေးရွာ တစ်ရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

တိုက်ပွဲမှာ နာရီအတန်ကြာဖြစ် ပွားခဲ့ပြီး အနည်းဆုံး ရဲကွန်မန်ဒို ၃ဝ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိချုပ် နိုအာမီကအေအက်ဖ် ပီသတင်းဌာနသို့ ပြောကြားသည်။ ယခုအထိ တပ်ဖွဲ့ဝင် ခြောက်ဦး၏ အလောင်းများ ပြန်လည်ရရှိပြီဟု ဆိုသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖီလစ်ပိုင်တောင်ပိုင်း ပြင်းထန်သော တိုက်ပွဲဖြစ်ပွား ရဲကွန်မန်ဒို ၃၀ ထက်မနည်း သေဆုံး  ဖီလစ်ပိုင်တောင်ပိုင်း ပြင်းထန်သော တိုက်ပွဲဖြစ်ပွား ရဲကွန်မန်ဒို ၃၀ ထက်မနည်း သေဆုံး Reviewed by သစ်ထူးလွင် on 06:45 Rating: 5
Powered by Blogger.