၂၀၁၅ နိုဝင်ဘာလဆန်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ်
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ရက်အတိအကျ မပါဘဲ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆန်းတွင် ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

မဲပေးရမယ့် မဲဆန္ဒရှင် စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြုစုနေပြီး နိုင်ငံသားတိုင်း မဲပေးရွေးကောက် တင်မြှောက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီ အခွင့်အရေး မဆုံးရှုံးဖို့ မဲစာရင်းမှာ ပါဝင်လိုကြောင်းနဲ့ မဲပေးနိုင်ရေးအတွက် မဲစာရင်း ကြေညာတဲ့အခါ သွားရောက်ကြည့်ရှုဖို့လည်း တိုက်တွန်းထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75690
၂၀၁၅ နိုဝင်ဘာလဆန်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ၂၀၁၅ နိုဝင်ဘာလဆန်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည် Reviewed by သစ်ထူးလွင် on 11:49 Rating: 5
Powered by Blogger.