သထုံ ဇန်နဝါရီ ၂၂
သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ ဇရစ်ချောင် ကျောင်းတိုက်မုခ်ဦး အနီးတွင် ဇန်နဝါရီလ ၂၂ ရက် နံနက်က သစ်လုံးများ တင်လာသည့် နောက်တွဲပါ လယ်ထွန်စက်အား အဖြူရောင် ၁၂ ဘီးကုန်တင်ယဉ်က နောက်မှ ဝင်တိုက်ရာ လယ်ထွန်စက် တိမ်းမှောက်ပြီး သစ်လုံးများပိ၍ လူတစ်ဦး ဦးခေါင်းကြေမွ သေဆုံးကာ ထွန်စက် မောင်းသူမှာ စိုးရိမ်ရသော ဒဏ်ရာများဖြင့် အတွင်းလူနာ အဖြစ် သထုံခရိုင် ဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း သိရသည်။
“မနက် ၃ နာရီ လောက်မှ ဖြစ်တာပါ။ ကုန်းအတက်ဆိုတော့ ထွန်စက်က ဖြေးဖြေး တက်နေတာကို နောက်က ဝင်တိုက်တာ ထွန်စက်မှောက်တော့ သစ်လုံးပေါ်မှာ ထိုင်ပြီးလိုက်လာတဲ့ ကောင်လေးကို သစ်လုံးတွေပိပြီး သေတာ လမ်းက ဖြတ်သွားတဲ့ ကရိန်းကားက ကူပြီးမထုတ်မှ အလောင်းကိုရတယ်။ ထွန်စက် မောင်းတဲ့ သူကတော့ ဆေးရုံမှာ။ ၁၂ ဘီးမောင်းတဲ့သူလည်း အနည်း အကျဉ်းတော့ ဒဏ်ရာရတယ်” ဟု မြေနီကုန်းကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။
အဆိုပါ ယဉ်တိုက်မှုကြောင့် စိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့သည့် ထွန်စက်မောင်းသူ ကိုချမ်းအေးနှင့် သေဆုံးသူ ကျော်သက်ထွေး တို့အား တာဝန်ရှိသူတို့က သထုံခရိုင် ဆေးရုံကြီးသို့ ပို့ဆောင်ကာ ယာဉ်မဆင်မခြင် မောင်းနှင်သည့် ၁၂ ဘီး ကုန်တင်ယာဉ်မောင်း ကိုသိန်းဇံအား သထုံမြို့မ ရဲစခန်းမှ ယာဉ်(ပ)၂/၂၀၁၅၊ ပြစ်မှုပုဒ်မ- ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia
သစ်လုံးတင်လာသည့် နောက်တွဲပါ ထွန်စက်အား ၁၂ ဘီးကား ဝင်တိုက်သောကြောင့် သစ်လုံးပိပြီး လူတစ်ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
15:51
Rating: