ရွှေပြည်သာမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ သဲကွင်းတွင် မီးဖိုမီးကြွင်း မီးကျန်မှ စတင်ကာ မီးလောင်မှုဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၂၂

၂၁.၁.၂၀၁၅ ရက်နေ့ ၂၁၄၅ အချိန်တွင် ရွှေပြည်သာ မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေပြည်သာ မြို့နယ်၊ (၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ သဲကျောက်ကွင်း၌ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်း အရသွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ ၂၁၄၂ အချိန်တွင် အဆိုပါ သဲကျောက်ကွင်းရှိ ဒေါ်ပု(ခ)ဒေါ်ငွေ (၄၂)နှစ်၏ ဓနိမိုး၊ ထရံကာတဲတွင် ထင်းမီးဖိုရှိ မီးကြွင်းမီးကျန်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ (၆x၈)ပေ အခန်း(၄၃)ခန်းပါ သွပ်မိုး၊ ထရံကာ အလုပ်သမား တဲတန်းလျား(၂)ခုနှင့် (၆x၈)ပေ ဓနိမိုး၊ ထရံကာတဲ(၁၁)လုံး
တို့အား ကူးစက်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၂၂၀၀ အချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ပု(ခ)ဒေါ်ငွေအား ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ရွှေပြည်သာမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ သဲကွင်းတွင် မီးဖိုမီးကြွင်း မီးကျန်မှ စတင်ကာ မီးလောင်မှုဖြစ် ရွှေပြည်သာမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ သဲကွင်းတွင် မီးဖိုမီးကြွင်း မီးကျန်မှ စတင်ကာ မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 12:32 Rating: 5
Powered by Blogger.