အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဖြတ်ကူးသူအား ၀င်ရောက်တိုက်မိသဖြင့် သေဆုံး
နေပြည်တော်၊ ဇန်န၀ါရီ ၇
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၃/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၅)ရပ်ကွက်နေ ၀ဏ္ဏကျော် (၃၀)နှစ်မောင်းနှင်လာသော 3I/xxxx ALPHARD အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းအရှေ့ဘက်မှ အနောက်ဘက်သို့လမ်းဖြတ်ကူးသူ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လွမ်းပိုအေးကျေးရွာနေ ဒေါ်တင်မြ(၆၄)နှစ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ဒေါ်တင်မြတွင် ၀မ်းဗိုက်ယာဘက်ဖူးရောင်ညိုမဲ၊ ယာပေါင်ကျိုး၊ ၀ဲ/ယာတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် ဒိုက်ဦးမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် ဆေးရုံသို့အရောက် သေဆုံးသွားသောကြောင့် ၀ဏ္ဏကျော်အား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
ရန်ကုန်-မန္တလေးအမြန်လမ်း ဖြတ်ကူးသူ ယာဉ်တိုက်မိသဖြင့် သေဆုံး
Reviewed by သစ်ထူးလွင်
on
21:18
Rating: