တားဆီးခံ ကျောင်းသား စစ်ကြောင်း ဆက်လက်ချီတက်ခွင့်ရ

ဓါတ်ပုံ - ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ
မြင်းခြံနှင့် တောင်သာမြို့အကြား၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တားဆီးခြင်း ခံခဲ့ရသည့် သပိတ်မှောက်ကျောင်းသား စစ်ကြောင်းသည် ညနေ ၅ နာရီခန့်တွင် ဆက်လက်ချီတက်ခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

“အခု ဂိတ်တွေ ဖွင့်ပေးလိုက်ပြီ၊ နန်းမြင့်တောင်ကြားကို ဖြတ်ခဲ့ပြီ၊ ကျောင်းသားခေါင်းဆောင် ၂ဦးကတော့ နေပြည်တော်မှာ သွားပြီး ဆွေးနွေးမယ်လို့ သိရတယ်၊ ဒီည စခန်းချမယ့်နေရာအထိ ပါချုပ်တွေက လိုက်ပို့မယ်လို့တော့ ပြောတယ်”ဟု သပိတ်စစ်ကြောင်းနှင့်လိုက်ပါနေသူ နာရေးကူညီမှုအသင်းမှ ကိုခင်မောင်တင့်က ပြောသည်။

ကျောင်းသားများ ပိတ်ဆို့ခံထားရစဉ်အတွင်း ပြည်သူအများအပြားနှင့် လူမှုအဖွဲ့အစည်းများ လာရောက်ပူးပေါင်းဝန်းရံကြကြောင်းလည်း သိရှိရသည်။

နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့ကလည်း သပိတ်စစ်ကြောင်းရှိရာသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

တားဆီးခံ ကျောင်းသား စစ်ကြောင်း ဆက်လက်ချီတက်ခွင့်ရ တားဆီးခံ ကျောင်းသား စစ်ကြောင်း ဆက်လက်ချီတက်ခွင့်ရ Reviewed by သစ်ထူးလွင် on 17:30 Rating: 5
Powered by Blogger.