နယူးယောက်မြို့တွင် နှင်းမုန်တိုင်းတိုက်ခတ်


နယူးယောက် ဇန်နဝါရီ ၂၆

'ဂျူနို'နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အမေရိကန် အရှေ့မြောက် ဘက်ကမ်းရိုးတန်းတွင် နှင်းကျဆင်းမှု ထုထည်ပမာဏသည် ၉ဝ စင်တီမီတာ (သုံးပေ)အမြင့်ထိ မြင့်တက်နိုင်ကြောင်း အမျိုးသားရာသီဥတု လေ့လာစောင့် ကြည့်ရေးဌာနက သတိပေးကြေညာ ထားသည်။

အဆိုပါနှင်းမုန်တိုင်းသည် နယူးယောက်မြို့တော်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် အပြင်းထန်ဆုံး နှင်းမုန်တိုင်းဖြစ်ကြောင်းနှင့် အဆိုးဆုံးအခြေအနေထိ ပြင်ဆင် ထားရမည်ဖြစ်ကြောင်း နယူးယောက် မြို့တော်ဝန်က ပြောသည်။

ဖလာဒီဖီးယားမြို့တော်မှ မိန်းပြည်နယ်ထိ နှင်းမုန်တိုင်းကျရောက်နိုင်သည်။ ဇန်နဝါရီ ၂၆ ရက်မှ ၂၇ ရက် ထိ နှစ်ရက်တာအချိန်တွင် နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နယူးယောက်၊ ဘော်စတွန်နှင့် ဖလာဒီဖီး ယားလေဆိပ်များရှိ လေယာဉ်ပျံသန်း မှုအစီအစဉ် ၃ဝဝဝ ကျော် ဖျက်သိမ်းခဲ့ရသည်။ နယူးယောက်နှင့် ဘော်စတွန်မြို့များတွင် နှင်းမုန်တိုင်းသတိ ပေးချက်များ ထုတ်ပြန်ကြေညာထားသည်။ ယခုတိုက်ခတ်သော နှင်းမုန်တိုင်းသည် ၁၈၇၂ ခုနှစ်မှစပြီး နယူးယောက်မြို့တွင် တိုက်ခတ်ခဲ့သော နှင်းမုန်တိုင်းများထက် ပိုမို ပြင်းထန်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောသည်။

၂ဝဝ၆ ခုနှစ်တွင် နယူးယောက်မြို့၌ စံချိန်တင်တိုက်ခတ်ခဲ့သော နှင်းမုန်တိုင်း၏ နှင်းကျဆင်းမှုပမာဏသည် ၇ဝ စင်တီမီတာနီးပါးရှိခဲ့သည်။ ဘီဘီစီ။

The Mirror Daily
https://www.facebook.com/TheMirrorDaily
နယူးယောက်မြို့တွင် နှင်းမုန်တိုင်းတိုက်ခတ် နယူးယောက်မြို့တွင် နှင်းမုန်တိုင်းတိုက်ခတ် Reviewed by သစ်ထူးလွင် on 06:46 Rating: 5
Powered by Blogger.