“ ချစ်ကြည်ရေး ” ခရီးသည်တင်ယာဉ် တောင်နံရံအား တိုက်မိ တိမ်းမှောက်သဖြင့် ၂၀ ဦးဒဏ်ရာရ


အရှိန်မထိန်းနိုင်သောယာဉ် တောင်နံရံအား ၀င်ရောက်တိုက်မိပြီး တိမ်းမှောက်သဖြင့် ၂၀ ဦးဒဏ်ရာရ

နေပြည်တော်၊ ဇန်န၀ါရီ ၁

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ မိတ်္ထီလာ-တောင်ကြီး ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၆/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဟဲဟိုးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ဟဲဟိုးမှတောင်ကြီးသို့ မန္တလေးတိုင်း ဒေသကြီး၊ မိတ်္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်နေ ဇော်မိုး(၃၈)နှစ်မောင်းနှင်သည့် “ ချစ်ကြည်ရေး ” ခရီးသည်တင် ယာဉ်လိုင်းမှ ၂ခ/xxxx ISUZU မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်ဘေးရှိ တောင်နံရံအား ၀င်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဇော်မိုးနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်၊ တမာကုန်းကျေးရွာနေ စိုင်းတင်ထိုက်(၃၆)နှစ်ပါ(၁၉)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဇော်မိုးအား ဟဲဟိုးနယ်မြေရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
“ ချစ်ကြည်ရေး ” ခရီးသည်တင်ယာဉ် တောင်နံရံအား တိုက်မိ တိမ်းမှောက်သဖြင့် ၂၀ ဦးဒဏ်ရာရ “ ချစ်ကြည်ရေး ” ခရီးသည်တင်ယာဉ် တောင်နံရံအား တိုက်မိ တိမ်းမှောက်သဖြင့် ၂၀ ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:52 Rating: 5
Powered by Blogger.