ကျောင်းသား သပိတ်စစ်ကြောင်း တောင်သာမြို့ကြား တားဆီးမှုများ (ရုပ်/သံ)


အမျိုးသား ပညာရေးကို ကန့်ကွက် သပိတ်မှောက် ဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ ယနေ့ ၂၇၁၀၂၀၁၅ မနက် ၉ နာရီက မြင်းခြံမြို့ ကနေ တောင်သာမြို့ ကို ဆက်လက်ချီတက်လာ ခဲ့ကြတာဖြစ်ပြီး မြင်းခြံမြို့ က ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အင်အား ၇၀၀ကျော် ရှိတာလည်း ဖြစ်ပါတယ်။ မြင်းခြံ တောင်သာမြို့ ကြား မိုင်တိုင် ၄၄၇/၆ နန်းမြင့်ကျေးရွာ အုပ်စုရှေ့ မှာတော့ လုံခြုံရေး အင်အား ၁၀၀နီးပါးနဲ့ မီးသတ်ကား ၂စီးချထားပါတယ်။ ၂ဖက်ထိပ်တိုက်တွေ့နိင်တဲ့ အခြေနေတွေလည်း ရှိနေပါတယ်။ လုံခြုံရေးတွေက နန်းမြင့်ကျေးရွာ အုပ်စုရှေ့ မှာ ရဲဝန်ထမ်း လုံခြုံရေးတွေကျန်ခဲ့တဲ့ ဒိုင်းတွေ နံပါတ်တုတ်တွေလည်း ရှိနေပါတယ်။ သပိတ်မှောက် ဆန္ဒပြ ကျောင်းသားတွေက ဂွေးပင်ရိုးကျေးရွာ သံမဏိစက်ရုံလမ်းခွဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ (ဒေသစံတော်ချိန် နေ့လည် ၁နာရီ) DVB TV - 27.01.2015


ကျောင်းသား သပိတ်စစ်ကြောင်း တောင်သာမြို့ကြား တားဆီးမှုများ (ရုပ်/သံ)  ကျောင်းသား သပိတ်စစ်ကြောင်း တောင်သာမြို့ကြား တားဆီးမှုများ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 15:03 Rating: 5
Powered by Blogger.