ဓါတ်တိုင်တိုက်မိသဖြင့် ယာဉ်မောင်းသူ သေဆုံး


အရှိန်လွန်ကာ လမ်းဘေးဓါတ်တိုင်အား ၀င်ရောက်တိုက်မိသဖြင့် ယာဉ်မောင်းသူ သေဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၇

၆.၁.၂၀၁၅ ရက်နေ့ ၁၉၁၅ အချိန်တွင် အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းအတိုင်း ကြည့်မြင်တိုင်မြို့နယ်ဘက်မှ လမ်းမတော် မြို့နယ်ဘက်သို့ သင်္ဃန်းကျွန်းမြို့နယ်နေ ယာဉ်မောင်း ကိုထိန်လင်းထွန်း၊ (၃၂)နှစ် မောင်းနှင်လာသော 6H---- AD Van ကိုယ်ပိုင်ယာဉ်သည် အချိုရည်စက်ရုံ ဟောင်းရှေ့အရောက် အရှိန်လွန်ကာ လမ်း၏ယာဘက်ဘေးရှိ ဓါတ်တိုင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုထိန်လင်းထွန်းမှာ သတိလစ်မေ့မျော သွားခဲ့သဖြင့် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကိုထိန်လင်းထွန်း(သေဆုံး)အား အလုံမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဓါတ်တိုင်တိုက်မိသဖြင့် ယာဉ်မောင်းသူ သေဆုံး ဓါတ်တိုင်တိုက်မိသဖြင့် ယာဉ်မောင်းသူ သေဆုံး Reviewed by သစ်ထူးလွင် on 21:11 Rating: 5
Powered by Blogger.