ရန်ကုန်၊ ဇန်န၀ါရီ ၂၉
၂၈.၁.၂၀၁၅ ရက်နေ့ ၁၂၁၀ အချိန်တွင် ရန်ကင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ စိမ်းလဲ့မေရိပ်သာလမ်းရှိ ကွန်ဒိုဆောက်လုပ်ရေးမှ အလုပ်သမားတစ်ဦး ဓါတ်လိုက်ခံရကာ သင်္ဃန်းကျွန်း စံပြဆေးရုံသို့ သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၎င်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားဖြစ်သူ လှိုင်သာယာမြို့နယ်နေ ကိုတင်မိုးဝင်း (၂၀)နှစ်ဖြစ်ပြီး ၀ဲလက်မတွင် ပေါက်ပြဲဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အဆိုပါလုပ်ငန်းခွင်တွင် ထမင်းစားရန်အတွက် ထမင်းချိုင့်ယူစဉ် လုပ်ငန်းခွင်တွင်သွယ်တန်းထားသော 7029 အမျိုးအစား လျှပ်စစ်မီးကြိုး၏ ပေါက်နေသောနေရာအား ကိုင်မိရာမှ ဓါတ်လိုက်ခံရကာ ဒဏ်ရာရရှိ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရန်ကင်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၅) ဖြင့် ရေးဖွင့် ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police
https://www.facebook.com/yangonpolice
လျှပ်စစ်မီးကြိုး ပေါက်နေရာအား ကိုင်မိရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး
Reviewed by သစ်ထူးလွင်
on
17:16
Rating: